နတ်မောက်မြို့၌ လမ်းညွှန်ဆိုင်းဘုတ်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြမီးများ ပြည့်စုံမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နတ်မောက် မေ ၃၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ လမ်းညွှန်ဆိုင်းဘုတ်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြမီးများ ပြည့်စုံ မှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။      

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့က မြို့ပေါ်ရှိ လမ်းညွှန်ဆိုင်းဘုတ်များ၊ လမ်းအမှတ်အသားပြဆိုင်းဘုတ်များ    မှန်ကန်မှု ရှိ/မရှိနှင့် ယာဉ်အန္တရာယ်မဖြစ်ပေါ်စေရေး တစ်လမ်းမောင်း ကားလမ်းမပေါ်တွင် အဝင်/အထွက် လမ်းဆိုင်းဘုတ်များ ဆောင်ရွက်နိုင်စေရေးစသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပုဂ္ဂလိကယာဉ်လိုင်း ကြီးကြပ်မှုကော်မတီဝင် ဦးချင်ဟိုက ယာဉ်အန္တရာယ် မဖြစ်ပေါ်စေရေး တစ်လမ်းမောင်း ကားလမ်းမပေါ်တွင် အဝင်/အထွက် လမ်းဆိုင်းဘုတ်များ စနစ်တကျတပ်ဆင်ထားရန်၊  အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် နှိုးဆော်မှုများ‌ ဆောင်ရွက်ပေးနိုင်ရန်စသည့်  အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ကိုကို၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်လမ်းဦးစီးဌာန၊   ပုဂ္ဂလိကယာဉ်လိုင်း ကြီးကြပ်မှု ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း