မိုင်းဖြတ် မေ ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မကြာမီ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းကျန်းမာရေး လှုပ်ရှားမှုအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်အတွက် အဘိတ်ဆေးခတ်ခြင်းကို ယမန်နံနက် ၁၀ နာရီက အ.ထ.က(မိုင်းဖြတ်)နှင့် အ.ထ.က(ဟိုနား)ကျောင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ညွှန့်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးများနှင့် တာဝန်ရှိသူများက ကျောင်းတွင်းရှိ သောက်သုံးရေကန်များ၌ ခြင်းမှတစ်ဆင့် ဖြစ်ပွားသည့် ပိုးလောက်လန်းများ ပေါက်ပွားမှု မရှိစေရေး၊ အဘိတ် ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)