နမ့်ဆန်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ ပြုလုပ်
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မြို့မဂိုဏ်းချုပ်ကျောင်းတိုက်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းကျန်းမာရေးဌာန ရပ်ရွာလူထုအားလုံးပါဝင်သော ကျေးရွာများတည်ဆောက်ခြင်းစီမံကိန်းသင်တန်းတွင် ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများဖြင့် လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်း၊ ငလျင်ဘေးအန္တရာယ်သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့သည်။