ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဒေါနမြေ လက်ကမ်းစာစောင် ဖြန့်ဝေ

ကလေးအလုပ်သမား ပပျောက်ရေးအတွက် ပြည်သူများအားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါစို့ ဟူသောဆောင်ပုဒ်နှင့်အညီ မိဘပြည်သူများနှင့် အလုပ်ရှင်များ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိ လိုက်နာဆောင်ရွက်နိုင်‌စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ကရင်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင် ရည် မြင့်တင်ရေးလုပ်ငန်းကော်မတီက အခမဲ့ဖြန့်ဝေသည့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင် ဒေါနမြေ လက်ကမ်းစာစောင်အား ပြည်သူများအနေဖြင့် လေ့လာသိရှိနိုင် စေရေးအတွက် ယနေ့နက်ပိုင်းအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လူ စည်ကားရာ ဇမိရတနာ မြို့မဈေးအတွင်းသို့ သွားရောက်ပြီး လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို မေ ၂၉ ရက်နေ့ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။

မြဝတီမြို့၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ ပညာပေးဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်း လမ်းအသုံးပြုသူ  မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား ယာဉ်အန္တရာယ် ကင်းရှင်းစေရေး ပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးရှိ ဘုရားကြီးကျောင်းရှေ့တွင် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပုလောမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တောင်တွင်းကြီးမြို့နယ် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး အစည်းအဝေးတက်ရောက်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအစည်းအဝေးကို ယနေ့ နေ့လယ်(၁၁:၃၀)က တောင်တွင်းကြီးမြို့ ရန်ပယ်အားကစားတွင်း မိုးလုံလေလုံခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီး လင်းထွဋ်နှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေးကွင်းဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ကွင်းဝန်ထမ်းများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

သံတောင်ကြီးမြို့နယ်တွင် က်ပျောပင်များ စိုက်ပျိုးခြင်းကြောင့် မိသားစုအပိုဝင်ငွေ ရရှိ

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ပင်များကို အဓိက စိုက်ပျိုးလျက်ရှိရာ နှစ်တိုပင်ဖြစ်သော ငှက်ပျောပင် များကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြသည်။ ငှက်ပျောပင်များသည် ရာသီမရွေး အသီးသီးသော သီးနှံဖြစ်ပြီး ယခု နွေအကုန် မိုးအကူးအချိန်တွင် ငှက်ပျောသီးများ ခုတ်ယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။

ဘုတ်ပြင်းမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို အောင်မင်္ဂလာရပ်ကွက်ရှိ ရွှေသာလျောင်းဘုရား ရှေ့တွင် ယနေ့နံနက် ၇နာရီက ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဒေသခံပြည်သူများ၊ လူမှုရေးအသင်း အဖွဲ့များတက်ရောက်ခဲ့ကြောင်းသိရသည်။

ဘုတ်ပြင်းမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ဘုတ်ပြင်းမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို အောင်မင်္ဂလာရပ်ကွက်ရှိ ရွှေသာလျောင်းဘုရား ရှေ့တွင် ယနေ့နံနက် ၇နာရီက ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဒေသခံပြည်သူများ၊ လူမှုရေးအသင်း အဖွဲ့များတက်ရောက်ခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန်နှင့်ပတ်သက်၍ ပြည်သူများကြိုတင်ကာကွယ်ရေး လုပ်ဆောင်နိုင်စေရန်စဉ်ဆက်မပြတ် အသိ ပညာပေးနှိုးဆော်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန်ကူးစက်ဖြစ်ပွားမှုနှင့်ပတ်သက်၍ ပြည်သူများ ကြိုတင်ကာကွယ်ရေးလုပ်ဆောင်နိုင်စေရန်အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ ညနေ ၅ နာရီအချိန်က ညောင်ဦးမြို့ပေါ်ရပ် ကွက်များတွင် စဉ်ဆက်မပြတ် အသိပေးလိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်းသိရသည်။
Subscribe to