မန္တလေးမြို့ ဗန်းမော်ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော် လာရောက်ဖူးမြှော်သူများအား အဟာရများဖြင့်ဧည့်ခံကျွေးမွေး

မန္တလေးတိုင်းဒေသကြီး၊မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာနွယ်စဥ်ရပ်ကွက်၊ ၃၉ လမ်း၊ ၆၉x၇၁ လမ်းကြား၊ ဗန်းမော်ကျောင်းတိုက်၌ သီတင်းသုံး ခဲ့သည့်ဗန်းမော်ဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇအဂ္ဂမဟာရဌဂုရုအဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက ဒေါက်တာဘဒ္ဒန္ တကုမာရဘိဝံသ၊ သက်တော် (၉၄)၊ သိက္ခာတော် (၇၄) ဝါအရတွင် ဘဝနတ်ထံ ပျံလွန်တော်မူသွား၍ အနယ်နယ်အရပ်ရပ်မှ နေ့စဉ်ရဟန်းရှင်လူပုဂ္ဂိုလ်များ လာရောက်ဖူးမြှော်သူများအား သံဃာတော်များ ဆွမ်းဆက်ကပ်ရေး၊ အ‌ရေးကြီးပုဂ္ဂိုလ်နှင့် ဧည့်ပရိသတ်များ၊ ဧည့်ခံ‌ကျွေးမွေးရေးဆပ်ကော်မတီ တာဝန်ရှိသူ များနှင့် အလှူရှင်များမှ ရေ၊ အချိုရည်ဗူး၊ ထမင်း၊ မုန့်လက်‌ဆောင်စသည့် အဟာရများဖြင့် နေ့စဉ်ဧည့်ခံ‌ကျွေးမွေးလျက်ရှိပြီး ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေ ပြည်သူများမှ နေ့စဉ်ဓမ္မစင်္ကြာတရားတော်များ လာ‌ရောက်ရွတ်ဖတ်ပူ‌ဇော်ကြကြောင်း သိရသည်။

မိုင်းယုမြို့၌ မိုးဦးစိုက် အစေ့ထုတ်ပြောင်းများ အောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် မိုးအစေ့ထုတ်ပြောင်းများကို မိုးဦးကျပြီးနောက် စတင်စိုက်ပျိုးလျက်ရှိရာ ယခုအခါ မိုးဦးစိုက်အစေ့ထုတ်ပြောင်းများ အောင်မြင်ဖြစ်ထွန်းနေလျက်ရှိသည်။

ရွှေဘိုခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှု​ဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးကျင်းပ

​ရွှေဘိုခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်​ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​မန်နေ့ မွန်းလွဲပိုင်းက ခရိုင်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်း အ​ဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သန်လျင်မြို့နယ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ သန်လျင်ခရိုင် သန်လျင်မြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် သန်လျင်မြို့အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ၌ကျင်းပသည်။

နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းနှင့်အခမဲ့ဆေးပေးခန်းအတွက် အလှူငွေလှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းနှင့် အခမဲ့ဆေးပေးခန်းအတွက် အလှူငွေကျပ်သိန်း ၂၀ ကို ယမန်နေ့ နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။

မင်းဘူးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပွင့်ဖြူနှင့်စလင်းမြို့နယ်တို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး စလင်းမြို့နယ် ထွေ/အုပ်ရုံးတွင် ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ကျင်းပ

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မယ်စဲ့မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့တွင် လူငယ်​ရေးရာ ​ဟော​ပြောပွဲကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုခရိုင်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊​ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူး​ပေါင်းကာ လူငယ်​ရေးရာ အသိပညာ​ပေး ​ဟော​ပြောပွဲကို ယမန်​နေ့​ နေ့လယ်ပိုင်းက​ သူနာပြုသင်တန်း​ကျောင်း သ​ပြေညိုခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း ​သိရသည်။

နတ်မောက်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ်တွင်လေပြင်းတိုက်ခတ်မှုကြောင့် ‌လူနေအိမ်များအမိုးလန်ပျက်စီး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ထောက်မကျေးရွာအုပ်စု၊ ထောက်မကျေးရွာနှင့် ဆင်မတောင်ကျေးရွာအုပ်စု၊ ဆင်မတောင်ကျေးရွာတို့တွင် ယမန်နေ့ ညနေ့ ၄ နာရီခွဲအချိန်က မိုးရွာသွန်းပြီး
Subscribe to