ငပုတော မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ အပေါ့စားမီးသတ်စက် ပေးအပ်ပွဲအခမ်းအနားကိုယနေ့နံနက် (၉) နာရီ အချိန်က မြို့နယ်မီးသတ်ဦးစီးဌာန ရုံး၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးသန်းဦး၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းအောင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အခွန်ဦးစီးမှူး ဦးကျော်မင်းထွန်း တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းအောင်မှ အဖွင့်အမှာစကားပြောကြားရာတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နိုင်ရေးအတွက် အပေါ့စားမီးသတ်စက်များကို ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး အမှတ်(၃)ရပ်ကွက် ဟိုင်းကြီးကျွန်းမြို့ အတွက် အပေါ့စားမီးသတ်စက် (၁)လုံး၊ ရေစုပ်ပိုက် (၁)လိပ်၊ရေပက်ပိုက် (၁)လိပ်၊ ပိုက်ခေါင်း (၁) ခေါင်းနှင့် တမန်ချောင်းကျေးရွာအုပ်စု အတွက် အပေါ့စား မီးသတ်စက် (၁)လုံး၊ ရေစုပ်ပိုက် (၁)လိပ်၊ ရေပက်ပိုက် (၁)လိပ်၊ ပိုက်ခေါင်း (၁)ခေါင်းတို့အား တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)