ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တင်းနစ်ပြိုင်ပွဲတွင် ငွေတံဆိပ် (၃)ခု နှင့် ကြေးတံဆိပ်(၂)ခု ရသည့် ပြည်နယ်လက်ရွေးစင်တင်းနစ်အသင်းအား မြစ်ကြီးနားလေဆိပ်၌ ဂုဏ်ပြုကြိုဆို

မြစ်ကြီးနား မေ ၃

၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်တင်းနစ်ပြိုင်ပွဲကို ရန်ကုန်မြို့၌ မေလ ၂၂  ရက်နေ့မှ ၂၈ ရက် နေ့အထိ ကျင်းပြကျင်းပပြုလုပ်ခဲ့ကြပြီး ကချင်ပြည်နယ်ကိုယ်စားပြု တင်းနစ်လက်ရွေးစင် အသင်း အနေဖြင့် ငွေတံဆိပ် (၃)ခုနှင့် ကြေးတံဆိပ် (၂)ခုရရှိခဲ့သဖြင့် ပြည်နယ်လက်ရွေးစင်အသင်းအား ယမန်နေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားလေဆိပ်၌ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ထို့သို့ ဂုဏ်ပြုကြိုဆိုရာတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် အရာထမ်း/အမှုထမ်းများက အေရိုးဗစ် အကအဖွဲ့များနှင့် အတူ လေဆိပ်၌ နွေးထွေးစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး လေဆိပ်ဧည့်ခန်းမဆောင်၌ ပြည်နယ်လက်ရွေးစင်အသင်း အုပ်ချုပ်သူများက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက ဂုဏ်ပြုအားပေးစကားပြောကြားခဲ့သည်။

ကချင်ပြည်နယ် တင်းနစ်အားကစားအသင်းအနေဖြင့် ၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲတွင် အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲနှင့် Mix Double ကျား၊ မ ပြိုင်ပွဲများတွင် နောက်ဆုံးဗိုလ်လုပွဲအထိတက်ရောက်ခဲ့ပြီး ငွေတံဆိပ်ဆု(၃)ဆုကို  ရရှိခဲ့ခြင်း ဖြစ်ပြီး ကြေးတံဆိပ် (၂)ခုကို အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်