ကသာ မေ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန် ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ယာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ထူးစက်သုံးဆီဆိုင်အနီး၊ ဧရာရွှေလီခန်းမရှေ့နှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနရုံးရှေ့တို့၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး ဆိုင်းဘုတ်တွင် ပလတ်စတစ် ညစ်ညမ်းသက်ရောက်မှုများအကြောင်း၊ ပလပ်စတစ်ညစ်ညမ်းမှု လျော့ချခြင်းအကြောင်းနှင့် ပြန်လည်တီထွင် အသုံးပြုခြင်းများကို ဖော်ပြထားသည်။ ပြည်သူများအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင် ဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် လူစည်ကားရာဈေးများနှင့် ကားဂိတ်များ ရှိရာ နေရာများတွင် စိုက်ထူပေးရခြင်းဖြစ်ကြောင်း ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီဌာန ဦးစီးအရာရှိ ဦးဟိန်းကိုဦးထံမှ သိရသည်။
ကျော်စွာ(ကသာ)