တောင်သာ မေ ၃၁
မြင်းခြံခရိုင်၊တောင်သာမြို့၊အမှတ် ၆ ရပ်ကွက်၊ မင်းစု အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီးဟိန်းဆက်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ တောင်သာမြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရမှ ကျောင်းအပ်နှံရေးနှင့် ပတ်သက်သော လမ်းညွှန် အမှာစကားပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူး ဦးမြင့်နိုင်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တောင်သာ မြို့နယ်အတွင်းရှိ ကျောင်းများဖွင့်လှစ်နိုင်မှုအခြေအနေနှင့် ကျောင်းအပ်နှံမှုအခြေအနေတို့ကို ရှင်းလင်းပြောကြား ခဲ့ကြောင်းသိရသည်။
မူလတန်းကျောင်းသား၊ကျောင်းသူများအတွက် နိုင်ငံတော်မှအခမဲ့ပေးအပ်သော ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ခဲတံ နှင့် ပုံနှိပ်စာအုပ်များကို ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီး ဟိန်းဆက်မှလည်းကောင်း၊ တောင်သာမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရမှ လည်းကောင်း၊တောင်သာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးနေမျိုးသူ တို့က အသီးသီးပေးအပ်ခဲ့ ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီးဟိန်းဆက်၊ တောင်သာ မြို့နယ်ပညာရေး ကော်မတီဥက္ကဋ္ဌ ဦးဟန်သူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးနေမျိုးသူနှင့် အဖွဲ့ဝင်များ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများတက်ရောက်ခဲ့ကြောင်း သိရ သည်။
ကျော်မျိုးနိုင်(တောင်သာ)