ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား အကြိမ်ပြည့်ထိုးနှံနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့မှ စီမံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မက်မန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်

ရှမ်းပြည်အရှေ့ပိုင်း၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်ရန်အတွက် မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အဘိတ်ဆေးခပ်ခြင်းကို ယမန်နေ့၊ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ် အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ၂၀၂၃−၂၀၂၄ ပညာသင်နှစ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မောက်မယ် အခြေခံပညာအထက်တန်းကျောင်း၊ နှင်းဆီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကန့်ဘလူမြို့၌ အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများအား အခြေခံစားသောက်ကုန်များကို ပြင်ပစျေးနှုန်းများ ထက်လျော့ချကာ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် ယနေ့ နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မေလ ၂၈ ရက်နံနက်ပိုင်းက တလုပ်ပင်ကျေးရွာအုပ်စု၊ ကံသာလေးကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ မိုးရာသီကာလတွင် ခြင်ကိုက်ခြင်းမှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းကို ယမန်နေ့က အခြေခံပညာ အထက်တန်းကျောင်း၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းလုံမြို့တွင် သဘာဝဘေးအန္တရာယ် အသိပညာပေး (Talk Show)ဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် သဘာဝဘေးအန္တရာယ်အသိပညာပေး(Talk Show)အစီအစဉ်ကို ယနေ့နံနက်(၉)နာရီအချိန်ခန့်က မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

မြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းသား/သမီးများအား စာရေးကိရိယာနှင့် ပညာသင်စရိတ်ထောင်ပံ့ကြေးပေးအပ်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းသား၊ သမီးများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် စာရေးကိရိယာနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ဆိပ်ဖြူမြို့၌ မိုးသက်လေပြင်း တိုက်ခိုက်မှုကြောင့် သစ်ပင်လဲကျခြင်း၊ လူနေအိမ်အမိုးလန်၊ ပြိုကျခြင်းများဖြစ်ပွား

ဆိပ်ဖြူမြို့နယ်အတွင်း မေ ၃၀ ရက် ညနေ့ ၅ နာရီအချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျခြင်း၊ လူနေအိမ်များ အမိုးလန်/ပြိုကျခြင်းများ ဖြစ်ပွားကြောင်း ကနဦးသတင်း သိရသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း သီတင်းသုံးလျက်ရှိသည့် ရဟန်း၊ သာမဏေ၊ သီလရှင်အပါး ၁၀၀၀ တို့အား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင်အပါး ၁၀၀၀ တို့အား မြို့နယ်အလိုက် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို သက်ဆိုင်ရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် နေပြည်တော်/ခရိုင်/မြို့နယ် သာသနာရေးမှူးရုံးတို့၏ ပံ့ပိုးကူညီမှုဖြင့် မြို့နယ် ၈ မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်းတို့တွင် ယနေ့နံနက်ပိုင်းမှ စတင်၍ ဆောင်ရွက်ခဲ့သည်။
Subscribe to