မြေပုံ မေ ၃၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက “မိုခါ”မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု စာရင်းများ မှန်ကန်စေရေးအတွက် ဗဟိုစာရင်းအင်းအဖွဲ့ဝင်များနှင့် ယမန်နေ့နံနက် (၁၀)နာရီအချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာ၌ တွေ့ဆုံဆွေးနွေးသည်။
ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့်အဖွဲ့ဝင်များ၊ ဗဟိုစာရင်းအင်းကောက်ယူရေးအဖွဲ့ဝင်များအား “မိုခါ”မုန်တိုင်းတိုက်ခတ်မှုကြောင့် ပညာရေး၊ ကျန်းမာရေး၊ သာသနိကအဆောက်အအုံများ၊ နိုင်ငံတော်ပိုင်အဆောက်အဦများ၊ လူနေအိမ်များ၊ လမ်းများ၊ လျှပ်စစ်မီးဆိုင်ရာကိစ္စရပ်များ၊ ရေငံတားတာများ တန်ဖိုးတွက်ချက်မှုဆိုင်ရာ တိကျမှန်ကန်မှုရှိစေရေး အတွက် သက်ဆိုင်ရာကော်မတီဝင်များနှင့်ပူးပေါင်း၍ အလေးထားဆောင်ရွက်ရန်၊ တာဝန်များ ထမ်းဆောင်ရာ၌ လုံခြုံရေးကိစ္စရပ်များကိုပါ ချိန်ဆဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
တင်ဝင်း