မုံရွာ မေ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏သားသမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက အဆိုပါရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ မုံရွာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး နှင့် ဝန်ထမ်းများ၊ မိဘများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက “ပညာရေးဆိုတာဟာ လူ့အဖွဲ့အစည်းတစ်ခုရဲ့ အသိပညာ၊ အလေ့အထများ ဓလေ့ထုံးတမ်းများနှင့် တန်ဖိုးများကို နောင်မျိုးဆက်သို့ပို့လွှတ်သည့် လုပ်ငန်းစဥ်ဟု ဆိုလိုပြီး နည်းပညာအရ လူ့အဖွဲ့အစည်းအတွင်း (သို့မဟုတ်) ၎င်းတို့အုပ်စုအတွင်း ပိုမိုကောင်းမွန်သော ပေါင်းစည်းမှုရရှိရန်အတွက် လူသားတို့၏ရုပ်ပိုင်းဆိုင်ရာ အသိပညာနှင့် ကိုယ်ကျင့်တရားဆိုင်ရာစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စနစ်ကျသောလုပ်ငန်းစဥ်ဖြစ်ကြောင်း၊ ယခုလို ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တွေ့ဆုံထောက်ပံ့ရသည်မှာ အထူးပင်ကျေနပ်ဝမ်းသာပိတိဖြစ်ရပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာ ရွှင်လန်းပါစေကြောင်းနှင့် ကျောင်းသားကျောင်းသူများလည်း အနာဂတ်တွင် ခေါင်းဆောင်ကောင်းများဖြစ်ကြပါစေ၊ နိုင်ငံ့အကျိုး၊ ဘာသာသာသနာအကျိုးကို သယ်ပိုးထမ်းရွက်ပြီး ပညာတတ်လူတော်လူကောင်းဖြစ်ကြပါစေကြောင်း ဆုတောင်းမေတ္တာစကားများ ပြောကြားခဲ့သည်။
ဆက်လက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးနှင့်တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏သားသမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများကို ကျောင်းသားကျောင်းသူများလက်ဝယ်သို့ အသီးသီးပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများအား ရေခဲမှုန့်နှင့်စားဖွယ်ရာမျိုးစုံတို့ကို တည်ခင်းကျွေးမွေးခဲ့ကြသည်။
ယနေ့ ကျင်းပပြုလုပ်သော မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏သားသမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် တက္ကသိုလ်အဆင့်တွင်ပညာသင်ကြားနေသည့် ကျောင်းသား/သူ(၃)ဦး၊ အထက်တန်းအဆင့်တွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူ(၄)ဦး၊ အလယ်တန်းအဆင့်တွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူ(၂)ဦး၊ မူလတန်းအဆင့်တွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူ(၇)ဦး၊ စုစုပေါင်းကျောင်းသား/သူ(၁၆)ဦးတို့အတွက် တက္ကသိုလ်အဆင့်တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်း၊ အထက်တန်းအဆင့်တစ်ဦးလျှင် ကျပ်ရှစ်သောင်းနှုန်း၊ အလယ်တန်းအဆင့် တစ်ဦးလျှင် ကျပ်ရှစ်သောင်းနှုန်း၊ မူးလတန်းအဆင့်တစ်ဦးလျှင် ကျပ်လေးသောင်းနှုန်းဖြင့်လည်းကောင်း၊ ထို့အပြင် မူလတန်း၊အလယ်တန်းနှင့် အထက်တန်းကျောင်းသား/သူများအတွက် ဗလာစာအုပ်တစ်ဒါဇင်စီနှင့် ဘောပင်ခဲတံများကိုလည်းကောင်း၊ အသီးသီးထောက်ပံ့ပေးအပ်ရာ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၁၁၈၀၀၀) တစ်ဆယ့်တစ်သိန်းတစ်သောင်းရှစ်ထောင်ကျပ်တိတိ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)