ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

ဘူးသီးတောင် မေ ၃၁

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၉)နာရီအချိန်က ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာအုပ်စု၊ အမကမူလွန်စာသင်ကျောင်း၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဘူးသီးတောင်တပ်နယ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ လေဘေးသင့်ပြည်သူများအား(အခမဲ့) ဆေးကုသပေးနေမှု များကို လှည့်လှည်ကြည့်ရှုကာအားပေးစကားများပြောကြားခဲ့ပြီး အဆိုပါစာသင်ကျောင်း၌ မိုခါမုန်တိုင်း လေဘေးဒဏ်ကြောင့် အမိုးလန်ပျက်စီးသွားသောကျောင်းဆောင်အားလည်းကောင်း၊ ကကျက်ဘက်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းဆောင်ကို လည်းကောင်း၊ တပ်ရာကျေးရွာ အမှတ်(၃)အခြေခံပညာ မူလတန်းလွန်ကျောင်းအား လည်းကောင်း အမိုးလန်၊ပျက်စီးနေမှုအား လှည့်လှည်ကြည့်ရှုကာ စာသင်ကြားနိုင်ရေးအတွက် ကျေးရွာအစီအစဉ်ဖြင့် ပျက်စီးကျောင်းဆောင်များ ပြန်လည်ပြုပြင်နေမှုနှင့် ယာယီတာပေါ်လင်မိုးနေမှုအား ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားကာဆရာ/ဆရာမများအား ဇွန်လ(၁)ရက်နေ့ ကျောင်းဖွင့်လှစ်နိုင်ရေးတို့ကိုမှာကြားခဲ့ကြသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်အဖွဲ့သည် ရွာမပရဟိတဘုန်းတော်ကြီးကျောင်းနှင့် ဂန္ဓာရီပရဟိတဘုန်းတော်ကြီးကျောင်း၌ ကျောင်းဆောင်အမိုးလန်ပျက်စီးနေမှုနှင့် ဒေသအစီအစဉ်ဖြင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုကာ ကျောင်းထိုင်ဆရာတော်ကြီး များအား ဆွမ်းဆန်၊ဆီနှင့် နဝကံမအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ လေဘေးသင့်ပြည်သူများအတွက် ရောက်ရှိလာမည့်ဆန်ရိက္ခာများ ထားရှိနိုင်ရန်အတွက် မီရထားဆိပ်ရပ်ကွက်ရှိစားသုံးသူရေးရာ ဦးစီးဌာ၏ဂိုဒေါင်နှင့် ဆိပ်ကမ်းများတွင် ထောက်ပံ့ပစ္စည်းများရောက်ရှိပါက မိုးလုံလေလုံထားရှိနိုင်မှုအခြေအနေများအား လှည့်လည် ကြည့်ရှုကာ လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)