ချမ်းအေးသာစံမြို့နယ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၏ ၁၃၅၈ (၂၀၂၃) ခုနှစ် နိကာယ်စာမေးပွဲကျင်းပစစ်ဆေး
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၏ ၁၃၅၈ (၂၀၂၃) ခုနှစ် နိကာယ်စာမေးပွဲ (ဝိဒူတန်း)ကို ယမန်နေ့ မွန်းတည့် ၁၂နာရီအချိန်က မန္တလေး၊ ချမ်းအေးသာစံ မြို့နယ်၊ သီရိဟေမာအရှေ့ရပ်ကွက်၊ ၂၇လမ်းနှင့် ၂၈ လမ်းကြား၊ ၈၉လမ်းနှင့် ၉၀ လမ်းကြား၊ မိုးကောင်းတိုက်၊ သုံးထပ်စာချကျောင်းရှိ မြို့နယ်သံဃနါကအဖွဲ့ရုံးတွင် ကျင်းပခဲ့သည်။