ချမ်းအေးသာစံ ဇွန် ၂
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၏ ၁၃၅၈ (၂၀၂၃) ခုနှစ် နိကာယ်စာမေးပွဲ (ဝိဒူတန်း)ကို ယမန်နေ့ မွန်းတည့် ၁၂နာရီအချိန်က မန္တလေး၊ ချမ်းအေးသာစံ မြို့နယ်၊ သီရိဟေမာအရှေ့ရပ်ကွက်၊ ၂၇လမ်းနှင့် ၂၈ လမ်းကြား၊ ၈၉လမ်းနှင့် ၉၀ လမ်းကြား၊ မိုးကောင်းတိုက်၊ သုံးထပ်စာချကျောင်းရှိ မြို့နယ်သံဃနါကအဖွဲ့ရုံးတွင် ကျင်းပခဲ့သည်။
ယင်းစာမေးပွဲအား ချမ်းအေးသာစံမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ သုံးထပ်ကျောင်းဆရာတော် ဘဒ္ဒန္တဝိဓူရ အမှူးပြုသည့် ကြီးကြပ်ရေးအဖွဲ့ဝင် ဆရာတော်များမှ ကြီးကြပ်စစ်ဆေးခဲ့ရာ သတ်မှတ်အုပ်စုအလိုက် ပြဋ္ဌာန်း ကျမ်းစာများအား ဖြေဆိုခဲ့ကြပြီး စာရင်းရှိ ၃၆ ပါး၊ ဖြေဆို ၁၇ ပါး၊ ပျက်ကွက် ၁၉ ပါးဖြစ်ကြောင်း၊ အဆိုပါ စာမေးပွဲဖြေဆိုရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်သာသနာရေးတို့မှ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ယင်းစာမေးပွဲကို ဇွန်လ ၅ ရက်နေ့အထိ ကျင်းပ စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်