တကောင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

တကောင်း     ဇွန်     ၂

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများအားလုံး ယမန်နေ့နံနက်ပိုင်းမှစ၍ ဖွင့်လှစ်ပြီဖြစ်ရာ တကောင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

တကောင်းမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မ (အ.လ.က)ကျောင်းများတွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်အတွက် မေလ (၂၃)ရက်နေ့မှစ၍ ယနေ့အထိ ကျောင်းအပ်လက်ခံဆောင် ရွက်ပေးခဲ့ရာ ကျောင်းအပ်နှံပြီးသူ မူလတန်း(၈၅၉)ဦး၊ အလယ်တန်း (၄၅၂)ဦး၊ အထက်တန်းအဆင့် အပ်နှံသူ(၁၀၆)ဦး စုစုပေါင်း (၁၄၁၇)ဦးရှိကြောင်း သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီးများထံမှ သိရသည်။

တကောင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့်ကျောင်းသား ကျောင်းသူများ လုံခြုံမှုရှိစေရန်နှင့် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက် မြို့အုပ်ချုပ်ရေးမှူးဦးဇော်လင်းနိုင်၊ နယ်မြေစခန်းမှူးရဲအုပ်အောင်ကိုဝင်း၊ မီးသတ်ဦးစီးမှူးဦးမျိုးသူ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)