ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး တွဲဖက်သင်ကြားမည့် အခြေခံပညာအထက်တန်းကျောင်း (စိုက်မွေး) စတင်ဖွင့်လှစ်သင်ကြား

ဒဂုံတောင် ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး တွဲဖက်သင်ကြားမည့် အခြေခံပညာအထက်တန်းကျောင်း(စိုက်မွေး)ကို ယနေ့နံနက်(၈)နာရီကစတင်၍ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းများတွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များအားတွဲဖက်၍ သက်ဆိုင်ရာကျောင်းများတွင် ဇွန်လ (၁)ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ စက်မှုဘာသာရပ်တွင် သင်တန်းသားသင်တန်းသူ(၉၀)ဦး၊ စိုက်ပျိုးရေး ဘာသာရပ်တွင် သင်တန်းသားသင်တန်းသူ(၃၀)ဦး၊ မွေးမြူရေးဘာသာရပ်တွင် (၃၀)ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး တွဲဖက်သင်ကြားမည့် အခြေခံပညာ အထက်တန်းကျောင်း (စိုက်မွေး)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Grade-9 အောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများ သင်ယူလျက်ရှိရာ သင်တန်းကာလအနေဖြင့် (၃)နှစ် တက်ရောက်ကြရမည်ဖြစ်ကြောင်း သိရသည်။

ထို့သို့  စက်မှု၊စို က်ပျိုးရေး၊ မွေးမြူရေး တွဲဖက်သင်ကြားမည့် အခြေခံပညာအထက်တန်းကျောင်း (စိုက်မွေး) တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ပညာရပ်များပို့ချသင်ကြားနေမှုများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ စက်မှု၊စိုက်ပျိုးရေး၊ မွေးမြူရေး တွဲဖက်သင်ကြားမည့် အခြေခံပညာအထက်တန်းကျောင်း(စိုက်မွေး) ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများတို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)