မရမ်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

မရမ်းကုန်း ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားချိန်၌​​ ကျောင်းသား၊​ ကျောင်းသူများ  သွေးလွန်တုတ်ကွေးရောဂါ မဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်သည့်လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အမှတ် (၁၈) အ​ခြေခံပညာမူလတန်း​​ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့​ဆောင်ရွက်ရာတွင် ကျောင်းများအတွင်း ခြင်ခို​အောင်နိုင်​သော​​နေရာများ  ခြင်ဆေးမှုတ်ခြင်း၊ ရေကန်များအား အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် စိတ်ဓါတ်အားမာန် ပရဟိတအဖွဲ့ဝင်များ ပူး​ပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

​အေး​အေး​အောင်(ပြန်/ဆက်)