မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာ​စောင်ချစ်မြတ်နိုးသူများအသင်း Book Club နှင့်စာဖတ်ဝိုင်းကျင်းပ

မရမ်းကုန်း  ​ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ယ​နေ့နံနက် (၁၀) နာရီအချိန်က စာပေချစ်မြတ်နိုးသူများ အချင်းချင်းရင်းနှီးကျွမ်းဝင်မှုရရှိပြီး စာ​ပေမှတစ်ဆင့် အသိပညာဗဟုသုတများရရှိလာ​စေရန် ရည်ရွယ်၍ စာအုပ်စာ​စောင် ချစ်မြတ်နိုးသူများအသင်း Book Club နှင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။​

ရှေးဦးစွာ စာအုပ်စာ​​စောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာ​ရေးဆရာ​မြေလတ်ထင်​ကျော်မိုးက အဖွင့်အမှာစကား​ပြောကြားပြီး စာ​ရေးဆရာ​မ မေခြယ်က ၎င်းကိုယ်တိုင်​ရေးသား ထား​သော ​​မေတ္တာဝန်ဖြင့်ချည်သည့်ကြိုး​ဝတ္ထုတိုကိုဖတ်ရှု့ခဲ့သည်။

အဆိုပါ​ဝတ္ထုတိုတွင် အိမ်ရှင်မတစ်ဦး၏ မိသားစုအ​​ပေါ်တွင်ထားရှိ​သော ​မေတ္တာတရား၊ မိခင်ကောင်း၊ ဇနီး​ကောင်းတစ်​ယောက်အဖြစ် ပြုမူ​နေထိုင်ပုံများကို အတုယူနိုင်​စေရန်အစရှိသည်ဖြင့် ရေးသားထားရာ တက်​ရောက်လာသူများမှ ​​ရေးသားထားသည့်​ဝတ္ထုတိုအ​ပေါ် ပြန်လည်​ဆွေး​နွေးခြင်း၊ အကြံပြုသုံးသပ်​​ဆွေး​နွေးခြင်းများ ​ဆောင်ရွက်ခဲ့ကြ​ သည်။

ထို့​နောက် တက်​ရောက်လာသူစာ​ပေချစ်သူများမှ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေး ဦးစီးဌာနက ပြသထားသည့် စာအုပ်စာ​စောင်များနှင့် မူးယစ်​ဆေးဝါးအန္တရာယ် တာဆီးကာကွယ်​ရေးနံရံကပ်ဘုတ်များကို ကြည့်ရှုလေ့လာခဲ့ကြ​ကြောင်း သိရသည်။

အေး​အေး​အောင်(ပြန်/ဆက်)