ဒဂုံအရှေ့ ဇွန် ၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော (၃၀)ကြိမ်မြောက်၊ နိကာယ်စာမေးပွဲကို မြို့နယ်ရှိ တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၊ တိပိဋကဓမ္မဗိမာန်တော်၌ ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပခဲ့သည်။
စာမေးပွဲဖြေဆိုရာတွင် ဝိဒူတန်းနှင့်မဟာဝိဒူတန်းမှ သံဃာတော်၊ သီလရှင်စုစုပေါင်း(၂၀၈)ပါး ဖြေဆိုခဲ့ကြပြီး မြို့နယ်သံဃနာယကဆရာတော်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှစိုးနှင့်အဖွဲ့များ၊ မြို့နယ်သာသနာရေး ဦးစီးဌာနမှဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ စာမေးပွဲဖြေဆိုသည့်ကာလအတွင်း အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါနိကာယ်စာမေးပွဲကို ဝိဒူတန်းနှင့်မဟာဝိဒူတန်းမှ သံဃာတော်၊ သီလရှင်များမှ ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အထိ ငါးရက်ကြာဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
ဇွဲမင်းထက်(ပြန်/ဆက်)