သုံးခွမြို့နယ်၌ မွေးကင်းစမှ(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယမန်နေ့နံနက် ၉ နာရီအချိန်က မွေးကင်းစမှ (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်ကြကြောင်း သိရသည်။

သုံးခွမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

(၃၀)ကြိမ်မြောက် အစိုးရနိကာယ် စာမေးပွဲကို လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ဖြေဆို

ကယားပြည်နယ်၊ လွိုင်ကော်မြို့သာသနာ့ဗိမာန်တော်ကြီး၌ ၂၀၂၃ ခုနှစ် (၃၀)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကို ကျင်းပပြုလုပ်ရာစာဖြေ သံဃာနှင့် သီလရှင် (၈) ပါး ဝင်ရောက်ဖြေဆို ခဲ့ကြသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို  ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ

ပုဏ္ဏားကျွန်းမြို့နယ်၌  အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာဖြင့် တက်ရောက်ပညာသင်ယူ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌(၂၀၂၃-၂၀၂၄)ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ယမန်နေ့ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာဖြင့် တက်ရောက်ပညာသင်ယူလျက်ရှိသည်။

မယ်စဲ့မြို့နယ်တွင်၌ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွင်စွာ တက်ရောက်သင်ကြား

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်း များကို ဇွန်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင်လည်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်ရောက်လျက်ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်နေမှုနှင့် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ကျောင်းသား/သူများပညာသင်ကြားနေမှုအား ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၉)နာရီအချိန်က ဘူးသီးတောင်မြို့နယ် ဒပြုချောင်းကျေးရွာအုပ်စု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား (အခမဲ့)ဆေးကုသပေးနေမှုများကို လှည့်လည်ကြည့်ရှုကာ အားပေးစကားများပြောကြားခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုဒဏ်ခံခဲ့ရသော ကျေးရွာအုပ်စု (၅)အုပ်စုမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းဆန်၊ဆီ၊ဆား၊ ခေါက်ဆွဲခြောက်များ ထောက်ပံ့ခဲ့ပြီး လေဘေးသင့်ပြည်သူများအား အားပေးစကားများ ပြောကြားခဲ့သည်။

ညောင်လေးပင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အ​ခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် အခြေခံပညာကျောင်းများအား   ယမန်နေ့နံနက်(၉)နာရီအချိန်မှ စတင်ဖွင့်လှစ်ရာ  ကျောင်းသား၊ ကျောင်းသူများ  အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းစတင် တက်ရောက်ကြကြောင်း သိရသည်။

လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် ပုံမှန်သင်တန်းနှင့်ဘွဲ့ရသင်တန်းများ စတင်ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် ပုံမှန်သင်တန်းများနှင့် ဘွဲ့ရသင်တန်းများကို ယမန်နေ့နံနက်ပိုင်းမှစတင်ဖွင့်လှစ်ကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွင်၂၀၂၃ခုနှစ် အစိုးရနိကာယ်ငါးရပ်စာမေးပွဲ စတင်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ နိဗ္ဗာန်ဆိပ်ဦး ဗိမ္မာန်အတွင်း၌ သာသနာရေးဦးစီးဌာနက ပရိယတ္တိသာသနာတော် တည်တန့်ခိုင်မြဲစည်ပင်ပြန့်ပွားစေရန်၊ သာသနာ့အာဇာနည်အရှင်မြတ်များ တိုးပွားစေရန်အတွက် အစိုးရနိကာယ်ငါးရပ် စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂နာရီမှ ညနေ ၄နာရီအထိစတင် ကျင်းပလျက်ရှိကြောင်း သိရသည်။
Subscribe to