ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၃ ခုနှစ် အစိုးရနိကာယ် စာမေးပွဲကျင်းပ

၂၀၂၃ ခုနှစ် အစိုးရနိကာယ်စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ အမှတ်(၄၂)ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သာသနာ့ဗိမာန်တော် တွင် ဇွန်လ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

ဗဟန်းမြို့နယ်၌ အစိုးရနိကာယ်စာမေးပွဲ ပထမနေ့ဖြေဆို

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် ၁၃၈၅ ခုနှစ် အစိုးရနိကာယ်စာမေးပွဲ ပထမနေ့ကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်မှ ညနေ ၄ နာရီအချိန်ထိ ဗဟန်းမြို့နယ်၊ ကြားတောရရပ်ကွက်၊ ကြားတောရလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းထောင့်ရှိ ရွှေကျင်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကဝမြို့နယ် အုန်းနှဲကျေးရွာ၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း စတင်ဖွင့်လှစ်မှုအား ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အုန်းနှဲကျေးရွာအုပ်စု အ.ထ.က (အုန်းနှဲ) ကျောင်းဝန်းအတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစတင်၍ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်လျက်ရှိသည်။

မုဒုံမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်

မွန်ပြည်နယ် မုဒုံမြို့၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများ ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အေးချမ်းပျော်ရွှင်စွာ ကျောင်းစတင်တက်ရောက်လျက်ရှိကြောင်း သိရသည်။

တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်

"ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စည်းကမ်းပြည့်ဝပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်တဲ့နေရာမှာ ပညာရေးရဲ့အခန်းကဏ္ဍဟာ များစွာအရေးကြီးတဲ့အတွက် ပညာရေးဝန်ကြီးဌာနက "ဘာသာရေး၊ လူမျိုးရေး၊ ကျား/မ ဆင်းရဲချမ်းသာ၊ မသန်စွမ်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာတို့ကို ခွဲခြားမှုမရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိစေရန်" ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် အပါအဝင် နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများအား ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ တစ်ပြိုင်နက်ဖွင့်လှစ် ပညာသင်ကြားပေးလျက်ရှိရာ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာအဆင့် ကျောင်းသား/ ကျောင်းသူ တစ်သောင်းတစ်ထောင်ကျော် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။

သင်္ဃန်းကျွန်းပညာရေးဒီရီကောလိပ်တွင် ဘွဲ့ရသင်တန်းနှင့် ပုံမှန်သင်တန်းများစတင်ဖွင့်လှစ်

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနအောက်ရှိ သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ်တွင် ဘွဲ့ရသင်တန်းနှင့် ပုံမှန်သင်တန်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၊  ကျောင်းသား/သူများ ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိ

ရခိုင်ပြည်နယ် မာန်အောင်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ဇွန်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  ပျော်ရွင်အေးချမ်းစွာဖြင့် ကျောင်းစတင်တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

ကြံခင်းမြို့တွင် မွေးစမှ(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ အားပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မွေးစမှ(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ပညာရေးဝန်ကြီးဌာန ရန်ပုံငွေဖြင့် ဆောက်လုပ်သည့် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ပညာရေးဝန်ကြီးဌာန ရန်ပုံငွေဖြင့် ဆောက်လုပ်သည့် အခြေခံပညာမူလတန်းကျောင်း မြောက်ပိုင်းလက်ခုပ်တန်း ကျောင်းဆောင်သစ်ကို ယနေ့ နံနက် ၁၀ နာရီတွင် ဖွင့်လှစ်ခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများနှင့် ကောလိပ်ကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှု၍ အားပေးစကားပြောကြား

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများနှင့် ကောလိပ်ကျောင်းများသို့ သွားရောက်ပြီး ကျောင်းများစတင်ဖွင့်လှစ်သင်ကြားနေမှုနှင့် ကျောင်းသား၊ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာဖြင့် ပညာသင်ယူနေမှုတို့အားကြည့်ရှု၍ ကျောင်းသား၊ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ကာ အား‌ပေးစကားများ ပြောကြားသည်။
Subscribe to