မင်းပြားမြို့နယ်၌  အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာဖြင့်ပညာသင်ကြား

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ (၂၀၂၃-၂၀၂၄)ပညာသင်နှစ်၊ အခြေခံပညာဦးစီးဌာနရှိကျောင်းများကို  ယမန်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာဖြင့် တက်ရောက်ပညာသင်ယူလျက်ရှိသည်။

လှည်းကူးမြို့နယ်တွင်အခြေခံမော်တာစက်ချုပ်သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ မိသားစုဝင်ငွေများတိုးပွားလာစေရန်ရည်ရွယ်၍ အခြေခံမော်တာ စက်ချုပ်သင်တန်းကို ရဲမွန်ကျေးရွာတွင်ယမန်နေ့ နံနက် ၁ဝနာရီက ဖွင့်လှစ်သည်။

မိုးညိုမြို့နယ်တွင် စိုက်ပျိုး‌ရေးလုပ်ကိုင်သူတစ်ဦးမှ အာဆီယံသပြေစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မိသားစုဝင်ငွေတိုးပွားစေရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများအား တစ်ပိုင်တစ်နိုင်ဆောင်ရွက်လျက်ရှိရာ ဘုရားငူအုပ်စု၊ မိုးသစ္စာကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ ဦးစိုးလွင်၏ခြံဝန်းအတွင်း အာဆီယံသပြေ စိုက်ပျိုး‌ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၃ ခုနှစ် အစိုးရနိကာယ် စာမေးပွဲကျင်းပ

၂၀၂၃ ခုနှစ် အစိုးရနိကာယ် စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ အမှတ်(၁၄)ရပ်ကွက် ဥက္ကလာပဘုရားရှိ မဟာမုနိဓမ္မာရုံကြီးတွင် ယမန်နေ့ နေ့လယ် ၁၂ နာရီတွင် စတင်ကျင်းပလျက်ရှိကြောင်းသိရသည်။

အမ်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် သင်ကြား

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်မှစ၍ စတင်ဖွင့်လှစ်ရာ အထက်တန်းအဆင့်/ အလယ်တန်း အဆင့်/မူလတန်းအဆင့် ကျောင်းသားကျောင်းသူများ အခြေခံ ပညာသင်ကြား ရန်အတွက် ကျောင်းသို့ ပျော်ရွှင်စွာ လာရောက်လျက်ရှိသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနေမှုအား ကြည့်ရှုအားပေး

နိုင်ငံတစ်ဝန်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ရာ ကယားပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် စတင်ကျောင်းတက်ရောက်၍ ပညာသင်ယူလျက်ရှိသည်။

တောင်ကုတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများအားလုံးကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်နေပြီဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက်လျက်ရှိကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက်သင်ကြား

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်‌ ကျောင်းများ စတင်ဖွင့်လှစ်သည့် ယမန်နေ့နံနက်ပိုင်းမှ စ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိ‌ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၃ခုနှစ် (၃၀) ကြိမ်မြောက် နိကာယ် စာမေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ၂၀၂၃ခုနှစ် (၃၀) ကြိမ်မြောက် နိကာယ်စာမေးပွဲဖြေဆိုခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီက ရန်ကင်းတောင်ခြေရှိ သီရိမင်္ဂလာ သရက်တောကျောင်းတိုက်အတွင်း၌ နိကာယ်စာမေးပွဲ ကျင်းပလျက်ရှိသည်။

ကျောက်ဆည်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း၌၂၀၂၃-၂၀၂၄ ပညာသင်နှစ် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာပညာသင်ကြား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်
Subscribe to