၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပြင်ဦးလွင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ပေးအပ်ချီးမြှင့်ပွဲကို မေ ၃၁ ရက်နေ့၊ ညနေ (၄) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းသားသမီးများ တက်ရောက်ကြသည်။

မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ကျောင်းသင်ခန်းစာများ အေးချမ်းစွာသင်ကြား

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများကို ယမန်နေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသင်ခန်းစာများကို အေးချမ်းစွာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအထိမ်းအမှတ်အကြောင်း သိ‌ကောင်းစရာ အသိပညာပေး Talk Show ကျင်းပ

သထုံခရိုင်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး(Talk Show)ကို ယနေ့ နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ငပုတောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်​ကြားနေမှုအား တာဝန်ရှိသူများ ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဇွန်လ (၁)ရက်နေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများသည် သက်ဆိုင်ရာ ကျောင်းအသီးသီးတွင် အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးသန်းဦး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းအောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ပုဗ္ဗသီရိ​​မြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ် ၁၉၄၄.၅၀သိန်း ထုတ်ချေးပေးပြီးဖြစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ ပုဗ္ဗသီရိဘဏ်ခွဲအနေဖြင့် ပုဗ္ဗသီရိမြို့နယ်နှင့် ​​ယျောသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

တုံတာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာန အောက်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများကို ယမန်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် တုံတာမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ကြသည်ကို တွေ့ရသည်။

အလုံမြို့နယ်၌ မွေးကင်းစမှ အသက်  ၁ နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးပေး

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ မွေးကင်းစမှ အသက်  ၁ နှစ်ခွဲ အရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်ရာ ကျောင်းသားကျောင်းသူ(၄၄၇၁၉)ဦး တက်ရောက်လျက်ရှိ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ယနေ့ ဇွန်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ(၄၄၇၁၉)ဦး ပျော်ရွှင်အေးချမ်းစွာဖြင့် ကျောင်းစတင် တက်ရောက်လျက်ရှိကြောင်း သိရသည်။

စဉ့်ကူးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ယမန်နေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Subscribe to