လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများအား ယနေ့ ဇွန်(၁) ရက်နေ့ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ရာ  ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် တက်ရောက်လျက်ရှိသည်။

သထုံမြို့ရှိ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်း၏ သင်ကြားသင်ယူမှု စတင်ခြင်းအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့ရှိ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်ကြားသင်ယူမှုစတင်ခြင်းအခမ်းအနားကို ယနေ့ နံနက်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

ဒေးဒရဲမြို့၌ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ထောက်ပံ့ငွေများ ထုတ်ချေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ထောက်ပံ့ငွေများ ထုတ်ချေးပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နောက်ဆုံးအကြိမ် ထိုးနှံပြီးစီးမှုကာလ  ၆ လပြည့်ပြီး ထပ်ဆောင်း Booster များ ထိုးနှံပေးလျက်ရှိရာ ထိုးနှံပြီးစီးသူ ၄၃၁၀ ဦးရှိပြီဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက်၊ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်းဆောင်၍ မြို့နယ်အားကစားခန်းမတွင် နေ့စဉ်နံနက်(၉)နာရီမှ (၁၂)နာရီအထိ ဆေးထိုးနှံခြင်း ဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ(၁)ရက်နေ့အထိ ထပ်ဆောင်းကာကွယ်ဆေး Booster ထိုးနှံပြီးစီးသူ ၄၃၁၀ ဦးရှိကြောင်းသိရသည်။

ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းကစတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာဖြင့် ကျောင်းစတင် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

သရက်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းများစတစ်ဖွင့်လှစ်၍ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြား

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ယနေ့တွင် ကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိရာ သရက်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနေမှုအား ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ခရိုင်/မြို့နယ် ပညာရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်များက သွားရောက်ကြည့်ရှုခဲ့ကြသည်။

ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စတင်တက်ရောက်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဇွန်လ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများကို စတင်ဖွင့်လှစ်ခဲ့ကြရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက်မှ စတင်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် တက်ရောက်လျက်ရှိကြကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်၌ နိကာယ်စာမေးပွဲကျင်းပလျက်ရှိ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ကနှစ်စဉ်ကျင်းပမြဲဖြစ်သော ၂၀၂၃ ခုနှစ်၊ နိကာယ်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်မှစ၍ ဖောင်တော်ဦးစေတီတော်ရှိ မဟာဝိဇယဓမ္မာရုံတွင်ကျမ်းစာများအလိုက် စတင်ဖြေဆိုလျက်ရှိသည်။

မိုင်းတုံမြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြိုယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ည‌နေပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to