သရက်မြို့၌ ထက်/လယ်/မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ထက်/လယ်/မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စိန်းရတုခန်းမ၌ကျင်းပရာ ခရိုင်/မြို့နယ် စီမံ အုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ် ပညာရေးမှူးနှင့် ထက်၊ လယ်၊ မူ၊ ဆရာ၊ ဆရာမ ကျောင်းအုပ် (၁၄၆)ဦး တက်ရောက်ကြသည်။