ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်း‌ပျော်ရွှင်စွာ တက်ရောက်လျက်ရှိကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ‌ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ‌ကျောင်းများတွင် ယနေ့မှစတင်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပျော်ရွှင်စွာဖြင့် ကျောင်းစတင်တက်ရောက် လျက်ရှိကြောင်းသိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ပေါင်လင်း) စတင်ဖွင့်လှစ် သင်ကြားပေးနေမှုအား ကြည့်ရှုအားပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ပေါင်လင်းကျေးရွာအုပ်စု၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ပေါင်လင်း)တွင် စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း (ညောင်ခြေထောက်)ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(ညောင်ခြေထောက်)ကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း အစည်းအဝေးခန်းမတွင် ဖွင့်ပွဲအခမ်းအနားကျင်းပသည်။

နောင်မွန်းမြို့၌ ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် နိုင်ငံတော်မှအခမဲ့ထောက်ပံ့‌သော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ဝတ်စုံများ ပေးအပ်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီတွင် နောင်မွန်းမြို့နယ် အခြေခံပညာအထက်တန်း ကျောင်း ထလမ်ရာဇီခန်းမ၌ကျင်းပသည်။

မင်းတုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာ အထက်တန်း၊ အလယ်တန်း၊ မူလွန်နှင့် မူလတန်းကျောင်း စုစုပေါင်း ကျောင်းပေါင်း (၁၅၀)ရှိရာ ကျောင်းများအားလုံး ဖွင့်လှစ်နိုင်ခဲ့သည်။

ရသေ့တောင်မြို့နယ်၌  အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာဖြင့်တက်ရောက်ပညာသင်ယူ

ရခိုင်ပြည်နယ်၊ ရ‌သေ့တောင်မြို့နယ်၌ (၂၀၂၃-၂၀၂၄)ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ယနေ့ ဇွန်လ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာဖြင့် တက်ရောက်ပညာသင်ယူလျက်ရှိသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့နံနက် ၉ နာရီမှစတင်၍ ဖွင့်လှစ်ရာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် တက်ရောက် ပညာသင်ကြား လျက်ရှိကြသည်။

ကျောက်ကြီးမြို့နယ်၌ စာသင်ကျောင်းများ စတင်ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများ၌ ယနေ့နံနက်ပိုင်းကစတင်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စတင်ကျောင်းတက်လျက်ရှိကြောင်း သိရသည်။

မြင်းခြံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ သင်ကြားလျက်ရှိ

၂၀၂၃ ခုနှစ် ဇွန်လ (၁) ရက်နေ့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နိုင်ငံအဝှမ်း အခြေခံ ပညာကျောင်းများ စတင်ဖွင့်လှစ်၍ မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်သင်ကြားနေသော ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ သင်ကြား လျက်ရှိကြောင်း သိရသည်။
Subscribe to