အလုံ ဇွန် ၁
သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ၂၀၂၃ ခုနှစ်၊ အကြိမ်(၃၀) မြောက် နိကာယ်စာမေးပွဲကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်ရှိ ကွင်းကျောင်းပရိယတ္တိစာသင်တိုက်တွင် ဖြေဆိုခဲ့ကြောင်း သိရသည်။
စာမေးပွဲသို့ စာဖြေသံဃာတော်(၆၆)ပါး ဝင်ရောက်ဖြေဆိုကာ စာမေးပွဲတွင် မြို့နယ်သံဃာ့ နာယာကဥက္ကဋ္ဌ ဆရာတော်နှင့် နာယက ဆရာတော်(၅)ပါးတို့မှ ကြီးကြပ်ပြီး ဇွန်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ (၅) ရက်ကြာ နေ့လယ်(၁၂)နာရီမှ ညနေ (၄)နာရီအထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစာမေးပွဲဖြေဆိုကြသည် သံဃာတော်များအား အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်း ဦးဆောင်သော ဌာနဆိုင်ရာများ၊ မြို့နယ်သာသနာ့နုဂ္ဂဟအဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ဆွမ်း၊ အချိုရည်နှင့် ရေသန့်ဘူးများဆက်ကပ်လှူဒါန်းခြင်းနှင့် လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်တင်ချို (ပြန်/ဆက်)