သီပေါမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းကို မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိကျောင်းအပ်လက်ခံ ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်အတွင်းရှိကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်ရောက် ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။