နမ့်စန်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံး ယနေ့နံနက်ပိုင်းမှစ၍ ဖွင့်လှစ်ခဲ့ရာ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မုံးကိုးမြို့၌ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းစတင် ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်(၉)နာရီအချိန်မှစ၍ ကျောင်းစတင်ဖွင့်လှစ်ခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။

ကျိန္တလီမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် “ကျောင်းနေပျော်၍ စာတော်ရမည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း အေးချမ်းပျော်ရွှင်စွာ စတင်တက်ရောက် သင်ကြားလျက်ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ တာဝန်ခံနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့တာဝန်ခံ တောင်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးကြီး အောင်မျိုးကျော်သည် တွံတေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လိုက်ပါလျက် ယမန်နေ့ နံနက် ၉ နာရီခွဲက ဆိပ်ကြီးခနောင်တိုမြို့နယ်သို့ရောက်ရှိပြီး

မိတ္ထီလာမြို့နယ်တွင် စိုက်ပျိုး/မွေးမြူရေးအထက်တန်းကျောင်းဖွင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း (ဖလံကျင်း) တွင် တွဲဖက်ဖွင့်လှစ်သည့် စိုက်ပျိုး/မွေးမြူရေး အထက်တန်းကျောင်းဖွင့်ပွဲကို ဇွန်လ ၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းများ စတင်ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက် (ယမန်နေ့)တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်း၊ ပျော်ရွှင်စွာစွာ ပညာသင်ကြားလျက်ရှိသည်။

တွံတေးမြို့နယ်၌ အစိုးရနိကာယ်စာမေးပွဲ ပထမနေ့ဖြေဆို

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၁၃၈၅ ခုနှစ်၊ အစိုးရနိကာယ်စာမေးပွဲ ပထမနေ့ကို ယမန်နေ့မွန်းတည့်(၁၂း၀၀)အချိန်မှ ညနေ (၄း၀၀)နာရီအချိန်ထိ ရွှေဆံတော်စေတီ တန်းဆောင်(၃)ခု၊ အာစိဏ္ဏကံ ဗိမာန်၊ ရှမ်းဓမ္မာရုံ၊ ဓမ္မာလင်္ကါရဘုန်းတော်ကြီးကျောင်းနှင့် ပဏ္ဍိတရာမဘုန်းတော်ကြီးကျောင်း စာဖြေဌာန( ၇)ခု၌ ကျင်းပခဲ့ကြောင်း သိရသည်။

မတ္တရာမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ကျောင်းအပ်နှံသူ ၁၄၇၃၈ ဦးရှိ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်၍ သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများ သင်ကြားလျက်ရှိရာ မတ္တရာမြို့နယ်ရှိ အခြေခံပညာကျောင်းများလည်း ဖွင့်လှစ်သင်ကြားနေပြီဖြစ်သည်။

တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံ​တေးမြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်၁၀ နာရီက တော်ဝင်စန္ဒကူးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်အတွင်း စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းဖွင့်ပွဲနှင့် IDPs စခန်းများမှ နေရပ်ကျေးရွာများသို့ ပြန်လည် ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများ သွားရောက်တွေ့ဆုံအားပေးထောက်ပံ့

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဝိုင်းမော်မြို့ အမှတ်(၁) အခြေခံပညာကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် စတင်ဖွင့်လှစ်သည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက အဆိုပါ‌ကျောင်းအဝင်မုခ်ဦး၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။
Subscribe to