လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ လစဉ် စဉ်ဆက်မပြတ် ပြုလုပ်ကျင်းပဆောင်ရွက်လျက်ရှိသည့် စာဖတ်ဝိုင်းအား ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ကျင်းပသည်။

သာယာဝတီမြို့တွင် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြို့နယ်၊‌ စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာနှင့် အိုင်ကဒုံကျေးရွာအုပ်စု၊ အိုင်ကဒုံကျေးရွာတို့တွင် ယမန်နေ့ညနေ ၆ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့်ဖြစ်ပွားခဲ့သော နေအိမ် ၃ လုံးအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ခြင်းကို စံရွေးကျေးရွာ ရွာလယ်ဘုန်းကြီးကျောင်း၌ ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

ငါးသိုင်းချောင်းမြို့၌ အ.ထ.က ငါးသိုင်းချောင်းကျောင်း၏ (၇၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲအား စည်ကားသိုက်မြိုက်စွာကျင်းပ

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ အ.ထ.က ငါးသိုင်းချောင်းကျောင်း၏ (၇၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး သွေးလှူဘဏ်တွင်ကျင်းပသည်

နတ်တလင်းမြို့နယ် ဌာနဆိုင်ဝန်ထမ်းများ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၈)နာရီက သာဇီရပ်ကွက်၊ ဇေယျဝတီပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆီဆိုင်မြို့၌ အမှတ်(၁)အခြေခံပညာအထက်ကျောင်းမိသားစုမှ ကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် အမှတ်(၁)အခြေခံပညာအထက်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် ပညာရေးမိသားစုတို့မှ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြကန်သာရပ်ကွက်ရှိ ဇဝနာရာမစာသင်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့တွင် (၃၁)ကြိမ်မြောက် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲဆင်နွှဲ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ နယမ (၃၁)ကြိမ်မြောက် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲကို အမှတ်(၄) ရပ်ကွက်၊ အမတရောင်ခြည်(ဘုရားဖြူ) ကျောင်းတိုက်၌ ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

သာပေါင်းမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် သွားရောက် ဖြည့်ဆည်းဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ရွှေညောင်ကျေးရွာအုပ်စု၊ ရွှေညောင်ပင်ကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း ကျေးရွာအရောက် ညှိ့နှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။

စုကလိမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း အသိပညာပေး Talk show ပြုလုပ်

စုကလိမြို့နေပြည်သူများအနေဖြင့် ယာဥ်အန္တရာယ် ကင်းရှင်းစေရေး နှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအချက်ပြသင်္ကေတအမှတ်သားများနှင့် ပြစ်မှုဆိုင်ရာ ဥပဒေများအကြောင်း သိရှိစေရန် ရည်ရွယ်ချက်များဖြင့်စုကလိမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း အသိပညာပေး Talk show ပြုလုပ်ခဲ့သည်။
Subscribe to