မိုင်းပျဉ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူ ကျောင်းသား/သူ (၁၂)ဦးရှိ

မိုင်းပျဉ်း ဇွန် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်ပျဉ်းမြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက အထက(မိုင်းပျဉ်း) စာစစ်ဌာနတွင် ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း (၁၂) ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။

 မိုင်းပျဥ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသား/သူ စုစုပေါင်း (၄၈) ဦးရှိသည့်အနက် ဖြေဆိုပျက်ကွက် (၂)ဦးရှိခဲ့ပြီး (၄၄)ဦးသာဖြေဆိုခဲ့ကာ ဖြေဆိုအောင်မြင်သူ (၁၂)ဦးရှိ၍ အောင်မြင်မှုရာခိုင်နှုန်း ၂၇.၂၇%ရှိကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်​စာမေးပွဲ ဖြေဆိုအောင်မြင်သူများအနက် ဂုဏ်ထူးရရှိမှု ၄ ဦးရှိ​​ပြီး ဘောဂဗေဒနှင့် ပထဝီဝင်ဘာသာရပ်တို့ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှတစ်ဆင့် သတင်းရရှိသည်။

ရန်နောင်ထွန်း(ပြန်/ဆက်)