ရွှေဘိုခရိုင်အတွင်း တက္ကသိုလ်ဝင်တန်းအောင်စာရင်း အောင်ချက်ရာခိုင်နှုန်း (၆၆.၄၈) အောင်မြင်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရွှေဘိုမြို့တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို မြန်မာနိုင်ငံတစ်နိင်ငံလုံးတွင် ဇွန်လ (၉) ရက်နေ့၌ ထုတ်ပြန်လျက်ရှိရာ ရွှေဘိုခရိုင်အတွင်းတွင် အောင်ချက်ရာခိုင်နှုန်း(၆၆.၄၈) အောင်မြင်လျက်ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရှိရသည်။