ပြင်ဦးလွင်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်

ပြင်ဦးလွင်    ဇွန်  

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်း ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်ခြင်းကို  ဇွန် ၉ ရက် နံနက် ၄ နာရီကစတင်၍ ပြင်ဦးလွင်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာကျောင်းများ၌ အသီးသီးထုတ်ပြန်ထားကြောင်းသိရသည်။   

၂၀၂၃ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖြေဆိုရန်စာရင်းရှိ(၂၁၆၆)ဦး၊ ဖြေဆိုသူပေါင်း (၂၀၁၈)ဦး ဖြေဆိုခဲ့ရာ အောင်မြင်သူ(၁၅၁၄) ဦးရှိပြီး(၇၅.၀၂)ရာခိုင်နှုန်း အောင်မြင်ကြောင်း သိရသည်။ အောင်မြင်သူများထဲတွင် (၆)ဘာသာဂုဏ်ထူးရှင် (၁၈)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၄၄)ဦး၊လေးဘာသာဂုဏ်ထူးရှင်(၆၉)ဦး၊သုံးဘာသာဂုဏ်ထူးရှင်(၈၀)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၃၀)ဦးနှင့်တစ်ဘာသာဂုဏ်ထူးရှင်(၃၅၄)ဦး ပါဝင်ကြောင်းမြို့နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။

ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၅၂)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း(၇)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၃၀)ကျောင်း၊ စုစုပေါင်း (၁၈၉)ကျောင်းရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)