မိုင်းခုတ်မြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း (၅၈၀၀) ပျိုးထောင်ထားရှိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီကာလအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ အခမဲ့ ရယူစိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ မြို့သစ်တောဦးစီးဌာနက ပျိုးပင်ပေါင်း (၅၈၀၀) ပျိုးထောင်ထားကြောင်း သိရသည်။