ဖျာပုံမြို့၌ ခရိုင်အတွင်းရှိ မြို့နယ်များအလိုက် ဒေသထုတ်ကုန် (MSMEs)အထူးစျေးရောင်းပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ဖျာပုံ ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ခရိုင်အတွင်းရှိ မြို့နယ်များအလိုက် ဒေသထုတ်ကုန် (MSMEs) အထူးစျေးရောင်းပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်သည်။
အဆိုပါ ခရိုင်အတွင်းရှိ မြို့နယ်များအလိုက် ဒေသထုတ်ကုန် (MSMEs)အထူးစျေးရောင်းပွဲတော် ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက အဖွင့်အမှာစကားပြောကြားပြီး၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးနိုင်လင်း၊ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်လေးတို့က လုံခြုံရေးအရ ဆောင်ရွက်ထားမှုလုပ်ငန်းများအား အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားသည်။ ဆက်လက်၍တက်ရောက်လာကြသော ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ဖွင့်ပွဲမုဒ်ဦးဆောင်ရွက်ခြင်း၊ စျေးရောင်းပွဲတော်ကျင်းပမည့် အဆောက်အဦပြင်ဆင်ခြင်း၊ လျှပ်စစ်မီး သွယ်တန်းခြင်း၊ ဖွင့်ပွဲအခမ်းအနားပြင်ဆင်ခြင်း စသောကိစ္စရပ်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးကြရာ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်

ဖျာပုံခရိုင်(ပြန်/ဆက်)