ဒေးဒရဲမြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်

ဒေးဒရဲ ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာစာစစ်ဌာနများတွင် ယနေ့နံနက်ပိုင်းကစတင်၍ ထုတ်ပြန်ကြေညာပေးထားကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၄)ခုတွင် ကျောင်းသား (၁၇၂)ဦး၊ ကျောင်းသူ (၃၁၅)ဦး၊ စုစုပေါင်း (၄၈၇)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ကျောင်းသား (၁၁၀)ဦး၊ ကျောင်းသူ (၂၃၁)ဦး စုစုပေါင်း (၃၄၁)ဦး ဖြေဆိုအောင်မြင်ခဲ့ရာ (၄)ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၃၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၄၀)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် (၉၇)ဦး ထူးချွန်စွာအောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း (၇၀.၀၂)ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

အေဇာလင်း