တုံတာ ဇွန် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည် မြင့်မားစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို လစဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါရုံးရှိ (Community Centre) ခန်းမ၌ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်အခန်း(၁၅)ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်အဲန်းမေရီ စာထောက်-၃က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်အခန်း(၁၅)မှ “ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်မှုများ” အကြောင်းကို အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ တုံတာမြို့ရုံးအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ သိရှိလိုက်နာဆောင်ရွက်ရန် သတ်မှတ်ပြဌာန်းထားသည့် စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဲန်းမေရီ