အ-ထ-က (ရွှေသောင်ယံ) စာစစ်ဌာနတွင် ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ-ထ-က(ရွှေသောင်ယံ) စာစစ်ဌာနတွင် ၂၀၂၃ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း များကို ယနေ့ နံနက်(၆)နာရီအချိန်က ထုတ်ပြန်ရာ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းကော်မတီ များနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းကုန်းမြို့၏ အောင်ချက်ရာခိုင်နှုန်း ၆၈.၇၂% ဖြစ်

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် စာရင်းများ ယနေ့နံ နက် ၆ နာရီအချိန် ထုတ်ပြန် ပေးလျက်ရှိရာ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၏ အောင်ချက် ရာခိုင်နှုန်း ၆၈.၇၂% ဖြစ် ကြောင်း သိရသည်။

မူဆယ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် မွေးကင်းစမှ (၁)နှစ်ခွဲအရွယ်ထိ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို လစဉ်ကာကွယ်ဆေးထိုးနှံ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် လစဉ်လတိုင်း မွေးကင်းစမှ (၁)နှစ်ခွဲအရွယ်ထိကလေးသူများကို ကာကွယ်ဆေးထိုး၊ဆေးတိုက်ခြင်းနှင့်ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကာကွယ်ဆေးထိုးခြင်း၊ ကိုယ်ဝန်ဆောင်ကာလအတွင်း လိုအပ်သော အထွေထွေကျန်းမာရေး စောင့်ရှောက်မှုများကို လစဉ်လတိုင်း စဉ်ဆက်မပျက် ဆောင်ရွက်ပေးလျက်ရှိသည်။

ကျုံပျော်မြို့ အထက(၁)တွင် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

သွေးလွန်တုပ်ကွေးရောဂါကြောင့် အသက်အန္တရာယ်ဆုံးရှုံးမှု မရှိစေရေးအတွက် ကျောင်းသားလူငယ်များအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်သည်။

ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး(Talk Show) ဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

မိုင်းခုတ်မြို့၌ အမှတ် (၂ )ရပ်ကွက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက အမှတ်(၂)ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့(Community Centre) ခန်းမတွင် သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာ Talk Show ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာTalk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်း ပြုလုပ်ခဲ့သည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ၆၃ ဒသမ ၈၆ ရာခိုင်နှုန်း အောင်မြင်

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ထုတ်ပြန်ကြေညာရာ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန ၃၉ ခု တို့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၄၃၃ ဦးတို့ဖြေဆိုခဲ့ရာ ၄၁၀၈ ဦးအောင်မြင်ပြီး ရာခိုင်နှုန်းအနေဖြင့် ၆၃ ဒသမ ၈၆ ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်၌ ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်ရာခိုင်နှုန်း ၆၀ ကျော်အောင်မြင်

၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင် စာရင်းများကို မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများအလိုက် ယနေ့နံနက် ၆ နာရီအချိန်က ထုတ်ပြန်ကြေညာခဲ့ရာ ပခုက္ကူမြို့နယ်အတွင်းက ၆၀ရာ ခိုင်နှုန်းကျော်ဖြင့် ဖြေဆိုအောင်မြင်ကြကြောင်း သိရသည်။

ဘောဂလိဒေသထွက်မင်းကွတ်သီးများ ဈေးကောင်းရ၍ စိုက်ပျိုးသူများအဆင်ပြေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသနေပြည်သူအများစုသည် တောင်ယာလုပ်ငန်းများနှင့် ဉယျာဉ်ခြံမြေလုပ်ငန်းများကို တစ်ပိုင်တစ်နိုင်လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ မင်းကွတ်သီးစိုက်ပျိုးသည့်လုပ်ငန်းသည် တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင် မင်းကွတ်သီးများဈေး ကောင်းရ၍ စိုက်ပျိုးသူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။
Subscribe to