မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ “စာတတ်ခြင်း စာဖတ်ခြင်းဖြင့် အနာဂတ်ကောင်းများဖန်တီးနိုင်မည်”ခေါင်းစဉ်ဖြင့်စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် (၉:၃၀)နာရီ အချိန်က ဒို့ကျေးရွာ ဂျာနယ်အတွဲ(၁၉)၊အမှတ်(၁၇)စာစောင်၊ အယ်ဒီတာ့အာဘော်မှ စာတည်းမှူး၏ “ စာတတ်ခြင်း စာဖတ်ခြင်းဖြင့် အနာဂတ်ကောင်းများဖန်တီးနိုင်မည်”ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပခဲ့သည်။

မိုင်းဖြတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၁၀၂)မြောက် အမျိုးသား အောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်၁၀နာရီက မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပလောက်မြို့၌ (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ဆွေးနွေးပွဲကို  ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

ကရသူရိမြို့၌ (၁၀၂) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာအုပ်/စာစောင်များနှင့် နံရံကပ်ဘုတ်ပြသ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့မွန်းတည့် ၁၂ နာရီက (၁၀၂) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ်စာအုပ်/စာစောင်များနှင့် နံရံကပ်ဘုတ်တို့ကို ပြသခဲ့သည်။

လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့ စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (Book Club အသင်း) တို့ ပူးပေါင်း၍ စာရေးဆရာ မြင်းခြံကျော်အောင် (ခ) သန်းထက်စံ ရေးသားသည့် ကြီးပွားအောင်မြင် အောင်ပန်းကိုဆင် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို  ယနေ့နံနက် ၁၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြိုအထိမ်းအမှတ် ပြပွဲပြိုင်ပွဲများပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၌ ကျောင်းသား/သူလေးများ မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များအကြောင်းသိရှိစေရန်၊ ကာယ၊ ဉာဏစွမ်းရည်များဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာကြည့်တိုက်သို့လာရောက်သည့် အလေ့အကျင့်ရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နိုဝင်ဘာလ (၁၇)ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုသောအားဖြင့် ပြပွဲပြိုင်ပွဲများ ကျင်းပပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သံတွဲမြို့နယ်ရှိ GTIကျောင်းသား၊ကျောင်းသူများအား ကျောင်းပိတ်ရက်များတွင် ဝင်ငွေရရှိစေမည့် အခွင့်အလမ်းများဆောင်ရွက်ပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်တွင် လူငယ်များအချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် လူစွမ်းအားအရင်းအမြစ်ဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်၍ GTI ကျောင်းသား၊ ကျောင်းသူများအား ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေ နေ့များတွင်ဝင်ငွေရရှိစေသည့် အလုပ်အကိုင်အခွင့်အလမ်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့ရှိ တပ်မတော်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး

ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့်အရာရှိ၊ စစ်သည်နှင့်မိသားစုဝင်များ ၊ ပြည်သူများကို သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားခဲ့သည်။

မန္တလေးစွယ်တော်မြတ်စေတီ (၂၇)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော် ရွှေကြာသင်္ကန်းရက်လုပ်လှူဒါန်းပွဲ၊ ဗုဒ္ဓဘိသေကအနေကဇာတင်လှူပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ မန္တလေးမြတ်စွယ်တော်စေတီတော်ကြီး၏ (၂၇)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော် ရွှေကြာသင်္ကန်းရက်လုပ်လှူဒါန်းပွဲ၊ ဗုဒ္ဓဘိသေကအနေကဇာတင်လှူပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါစေတီတော်မြတ်ကြီး၏ ပရဝုန်အတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အသိပညာပေး(Talk Show)ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁ နာရီအချိန်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to