ထားဝယ် ဇွန် ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ အမှတ်စဉ် (2/၂၀၂၃)သင်တန်းကို ဇွန် ၁၂ ရက်နေ့တွင် ဖွင့်လှစ်မှာဖြစ်ကြောင်း သိရသည်။
အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကြားပေးခြင်းအားဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ အမျိုးသမီးများမိမိကိုယ်ကိုရပ်တည်နိုင်စေရန်၊ နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားပိုမိုမြင့်မားစေရန်၊ အမျိုးသမီးများ၏ ဘဝပိုမိုဖွံ့ဖြိုးတိုးတက်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းသိရသည်။
တက်ရောက်လိုသူများအနေဖြင့် ထားဝယ်မြို့၊ ဆန်းချီရပ် ခရေလမ်းနှင့်နွယ်သာကီလမ်းထောင့် အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်းတွင် ဆက်သွယ်စုံစမ်းနိုင်ပြီး ဖုန်းနံပါတ် ၀၅၉-၂၀၂၄၀၀/၀၉-၂၅၉၁၇၉၆၉၇ သို့လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
သင်ကြားပေးမည့်ဘာသာရပ်များအနေဖြင့်စက်ချုပ်သင်တန်း (အခြေခံ/အဆင့်မြင့်/စင်တီ/ လက်မ) မုန့်မျိုးစုံသင်တန်း/ ဒီဇိုင်နာသင်တန်း/ လက်မှုသင်တန်း/ စမော်ကင်သင်တန်း/ ကျားရှပ်အင်္ကျီ သင်တန်းဖွင့်လှစ်သင်ကြားမှာဖြစ်ပြီး သင်တန်းကို ဇူလိုင်(၂၁)ရက်နေ့အထိဖြစ်ပြီး(၄၅)ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)