သာပေါင်း ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ စည်ပင်သာယာရေးကော်မတီက အမှတ်(၃)ရပ်ကွက်၊ရုံးကုန်းသာလမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (အပိုင်း-၁) နှင့် (အပိုင်း-၂) အား ယမန်နေ့ ဇွန်လ ၈ ရက်နေ့ ညနေ ၃ နာရီအချိန်က သွားရောက်ကြည့်ရှု စစ်ဆေးမှာကြားခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစစ်ဆေးရေးကော်မတီဥက္ကဋ္ဌဦးမင်းဧရာထိုက်က အမှတ်(၃)ရပ်ကွက်၊ရုံးကုန်းသာလမ်းတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊တိုင်းဒေသကြီး ဘတ်ဂျက်ခွင့်ပြုငွေ (၁၇.၆၄၄) ကျပ်သန်းဖြင့် (၃၅၀ ပေx ၁၄ ပေx ၈ လက်မ) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (အပိုင်း-၁) နှင့် (အပိုင်း-၂) အား ကြည့်ရှုစစ်ဆေးပြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်၊ အင်ဂျင်နီယာအဖွဲ့နှင့်စည်ပင်ဝန်ထမ်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြည့်မီ၍အချိန်မီပြီးစီးရေး၊ လုပ်ငန်းသုံးပစ္စည်းများအလေအလွင့်ပျက်စီးမှုမရှိရေး၊ လမ်းပုခုံးမြေသားဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခန့်ထိန်းသိမ်းရေးတို့ကိုမှာကြားခဲ့ပြီး သတ်မှတ်ရက်အမီပြီးစီးရေး စည်ပင်သာယာရေးကော်မတီက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)