ကြံခင်း ဇွန် ၉
ပညာရေးဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက စာစစ်ဌာန(၅)ခုတွင် ထုတ်ပြန်ပေးကြောင်း သိရသည်။
ထိုသို့တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ကျောင်းသား/သူများနှင့် အုပ်ထိန်းသူ မိဘ၊ မိသားစုဝင်များက လာရောက်ကြည့်ရှုကြကြောင်းနှင့် ကြံခင်းမြို့နယ်အတွင်းရှိစာစစ်ဌာန(၅)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ(၃၆၂)ဦးရှိရာ၊ စာမေးပွဲအောင်မြင်သူ (၂၈၇)ဦးရှိပြီး၊ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သောကျောင်းသား/သူ (၁၅၆)ဦးရှိကြောင်းနှင့် (၅) ဘာသာ(၇)ဦး၊ (၄) ဘာသာ(၇)ဦး၊ (၃) ဘာသာ (၂၄) ဦး၊ (၂) ဘာသာ (၃၈) ဦးနှင့် (၁)ဘာသာ(၈၀)ဦးတို့ ထူးချွန်စွာအောင်မြင်ပြီး၊ အောင်မြင်မှုခိုင်နှုန်းမှာ (၇၉ဒဿမ၂၈) အောင်မြင်ကြောင်းနှင့် မြို့နယ်အဆင့်(ပထမ)ရရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံကသိရသည်။
မြို့နယ် (ပြန်/ဆက်)