ကလိန်အောင်မြို့၌ ပ‌ဉ္စမအကြိမ်မြောက် COVID-19 ရောဂါကာကွယ်ဆေးထိုးနှံ

တနင်္သာရီတိုင်းဒေသကြီး၊ ထာဝးယ်ခရိုင် ကလိန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီး‌ဌာနရုံးရှိ အစည်းအဝေးခန်းမ‌၌ ယမန်နေ့နံနက်ပိုင်းက အသက် (၁၈)နှစ်အထက် ဒေသခံပြည်သူများအား ပ‌ဉ္စမအကြိမ်မြောက် COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးကြ‌ကြောင်း သိရသည်။

ငဖဲမြို့နယ် ပေကုန်းကျေးရွာအုပ်စုမှ တောင်သူ(၇၉)ဦး အား ၂၀၂၃ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပေကုန်းကျေးရွာအုပ်စုမှ တောင်သူ(၇၉)ဦး အား ချေးငွေကျပ်သိန်းပေါင်း  ၃၇၄ သိန်း ၅သောင်းကို ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ထပ်မံတိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ (၂) ရွာအား စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က ဦးစွာပထမ သဲကုန်း​မြို့နယ်၊ ဇီးကုန်းအုပ်စု၊ ရွာထောင်ကုန်းကျေးရွာ ကြို့ဝါပင်ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  Mask Campaign  ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူစည်ကားသည့်နေရာများတွင် ပြည်သူများ  Mask များတပ်ဆင်သွားလာစေရေးအတွက် Mask Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

တာလေမြို့၌ စာဖတ်ဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် လူငယ်အသင်း (Youth Club)တို့ ပူးပေါင်း၍  ယနေ့ နံနက် ၁၀ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဒေါက်တာသိန်းလွင် (ပညာရေးစိတ်ပညာပါရဂူ)၏ ''ကလေးတွေကျောင်းမှာ အောင်မြင်ဖို့နည်းလမ်းများ''စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များအား စာဖတ်သူလက်ဝယ်အရောက် ငှားရမ်းပေး

ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက မြို့နယ်စိုက်ပျိုးရေးရုံးသို့ သွားရောက်၍ သုတ/ရသ စာအုပ် (၇၀) ကျော်ကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲကျင်းပပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲကို ယမန်နေ့မွန်းတည့်(၁၂) နာရီက ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်၌ တစ်နှစ်လျှင် သုံးသီးရိတ်သိမ်းနိုင်သည့် စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာ ၃ ဒသမ ၆ ဧက စမ်းသပ်စိုက်ပျိုးထားရှိ

ဇေယျာသီရိမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သည့် တစ်နှစ်လျှင် သုံးသီးရိတ်သိမ်းနိုင်သည့် စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာ တောင်သူသရုပ်ပြ ပညာပေး စိုက်ခင်း ၃ ဒသမ ၆ ဧက နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ရှာစေးဖိုကျေးရွာ၌ စိုက်ပျိုးထားရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့၌ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်တာဝန်ရှိများလေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသည့်ထောက်ပစ္စည်းများ ရောက်ရှိမှုအခြေအနေများအား သွားရောက် စစ်ဆေးကြည့်ရှု

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၉ အချိန်က ဘူးသီးတောင်မြို့နယ် မီးရထားဆိပ်ရပ်ကွက်ရှိ စားသုံး သူရေးရာဦးစီးဌာနဂိုဒေါင်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ရန်ရောက်ရှိလာသည့် သွပ်၊ သံ၊ ရေဗူး၊ ခေါက်ဆွဲခြောက်များနှင့် အမယ်စုံပစ္စည်း(၂၀)မျိုးအား ဖွင့်ဖောက်စစ်ဆေးရေးအဖွဲ့မှ စိစစ်လက်ခံနေမှုများအား လေလွင့်ဆုံးရှုံးမှုများ မဖြစ်စေရေးစနစ်တကျဆောင်ရွက်ကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ထောက်ပံ့လှူဒါန်းရန်ကျန်ရှိသည့် ဘုန်းတော်ကြီးကျောင်း (၆၃) ကျောင်းအား အမြန်ဆုံး ထောက်ပံ့လှူဒါန်းနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME Talk Show စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊  ၇၀ x ၇၂လမ်းကြား၊ သိပ္ပံလမ်းရှိ Mandalay Convention Center တွင်၂၀၂၃ခုနှစ် စိမ်းလန်းစွမ်းအင်ပြပွဲအတွင်း၌ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME Talk Show စကားဝိုင်းဆွေးနွေးပွဲကိုယနေ့နံနက် ၁၀ နာရီက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to