သဲကုန်းမြို့နယ်၌ အသက် (၅) နှစ်အောက် ကလေးများအား အဟာရဖွံ့ဖြိုးရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ အသက်(၅)နှစ်အောက် ကလေးငယ်များအား အဟာရဖွံ့ဖြိုးမှုဆိုင်ရာ ကျန်းမာရေးစစ်ဆေးမှုများကို ယနေ့နံနက်ပိုင်းက မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ရုံးတို့တွင် စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။