ပျဉ်းမနားမြို့၌ အသက် (၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) များထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာဆေးထိုးစုရပ်များ၌ ပျဉ်းမနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ထိုးနှံ ဆောင်ရွက်ပေးကြကြောင်း သိရသည်။