ဇမ္ဗူသီရိ ဇွန် ၁၃
ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက မြို့နယ်စိုက်ပျိုးရေးရုံးသို့ သွားရောက်၍ သုတ/ရသ စာအုပ် (၇၀) ကျော်ကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်စေရေးအတွက် ရွေ့လျား စာကြည့်တိုက်စနစ်ဖြင့် ရပ်ကွက်/ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်းပေးခြင်းအပြင် မြို့နယ်ပြည်သူ့ စာကြည့်တိုက်တွင်လည်း မည်သူမဆို အခမဲ့လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)