ဥတ္တရသီရိမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် “ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး” Talk Show ကို ယနေ့နံနက်ပိုင်းက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။

ပြင်ဦးလွင်မြို့မှ ပန်းချီဆရာ ၂၄ ဦးပူးပေါင်း၍ Maymyo Social Exhibition Catalogue Volume -II   ပန်းချီပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊  ကန်တော်လေးကန်ဘောင်အနီးရှိ Maymyo Social Café , Gallery , Shops တွင် ပြင်ဦးလွင်မြို့မှ ပန်းချီဆရာ ၂၄ ဦးပူးပေါင်း၍ Maymyo Social Exhibition Catalogue Volume -II   ပန်းချီပြပွဲ ကျင်းပလျက်ရှိကြောင်း သိရသည်။

မြောင်းမြခရိုင် Community Centre ၌ ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီက ပလတ်စတစ် ညစ်ညမ်းမှုကြောင့်  ပတ်ဝန်းကျင်ထိခိုက်မှုအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းခုတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ဇွန် ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်ပညာသင်နှစ်အတွက် ခရိုင်ပညာရေးမှူးနှင့် အထက်တန်း၊ အလယ်တန်း၊မူလတန်းကျောင်းအုပ်ကြီးများတွေ့ဆုံဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်ပညာသင်နှစ်အတွက် ခရိုင်ပညာရေးမှူးနှင့် အထက် တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများတွေ့ ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က  မြစ်သားမြို့ အခြေခံပညာအထက်တန်းကျောင်း ကျန်စစ်သားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ငပုတောမြို့နယ်၌ မိုးတွင်းကာလတွင် ရေစီးရေလာကောင်းမွန်စေရေး၊ ရေနုတ်မြောင်းများ တူးဖော်ခြင်းနှင့် မြို့သန့်ရှင်းသာယာလှပစေရေး အရှိန်အဟုန်မ​ပြတ် ဆောင်ရွက်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်း မိုးတွင်းကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက်၊ ရေမြောင်းများအား ရေစီးရေလာကောင်းမွန်‌စေရန် တူးဖော်ခြင်းကို ယမန်နေ့ညနေပိုင်းက ငပုတောမြို့ မဂ္ဂလမ်းရှိ ရေနုတ်မြောင်းအားဌာနပိုင် စက်ယန္တရားဖြင့်  ဆက်လက်တူးဖော်လျက်ရှိကြောင်း သိရသည်။

နတ်တလင်းမြို့နယ်တွင် စားသုံးဆီတစ်ပိဿာလျှင် ၄၈၀၀ ကျပ်နှုန်းဖြင့် ရောင်းချ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအစီအစဉ်ဖြင့် ပဲခူးခရိုင်ဆီကုန်သည်အသင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်၍ စားသုံးဆီတစ်ပိဿာလျှင် ၄၈၀၀ ကျပ်နှုန်းဖြင့် ရောင်းချခြင်းကို ယနေ့နံနက်ပိုင်းက သာဇီရပ်ကွက်၊ ပညာတံခွန်လမ်းတွင် ရောင်းချခဲ့သည်။

နတ်တလင်းမြို့နယ်တွင် စားသုံးဆီတစ်ပိဿာလျှင် ၄၈၀၀ ကျပ်နှုန်းဖြင့် ရောင်းချ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအစီအစဉ်ဖြင့် ပဲခူးခရိုင်ဆီကုန်သည်အသင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်၍ စားသုံးဆီတစ်ပိဿာလျှင် ၄၈၀၀ ကျပ်နှုန်းဖြင့် ရောင်းချခြင်းကို ယနေ့နံနက်ပိုင်းက သာဇီရပ်ကွက်၊ ပညာတံခွန်လမ်းတွင် ရောင်းချခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ သိရှိလိုက်နာစေရေး အသိပညာပေးဟောပြော

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိ မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ သိရှိစေရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပသည်။
Subscribe to