ဖြူးမြို့နယ်တွင် ဒူးရင်းသီးစျေးကွက် ယခင်နှစ်များထက်စျေးကောင်းရရှိ၍ အဝယ်လိုက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ရောင်းချနေသည့် ဒူးရင်းသီးစျေးကွက်မှာ စျေးကောင်းရရှိနေကာ ယခင်နှစ်များထက် စျေးကောင်းပေးဝယ်ရသော်လည်း အဝယ်လိုက်နေလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး Talk Show ကျင်းပ

ကျွန်းလှမြို့နယ်၌ လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး Talk Show ကျင်းပ ကျွန်းလှ ဇွန် ၁၃ မျိုးဝင်းညို

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် ၅/၂၀၂၃ သို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် ၅/၂၀၂၃ ကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

နောင်ချိုမြို့ သဖန်းကိုင်းပရဟိဆရာတော်မှ အခြေခံပညာကျောင်းများသို့ စာသင်ခုံ၊ စာရေးကိရိယာနှင့် သင်ထောက်ကူပစ္စည်းများ လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာလင်္ကာရမှ အခြေခံပညာကျောင်းများသို့ စာသင်ခုံ၊ စာရေးကိရိယာနှင့် သင်ထောက်ကူပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ ရွှေစည်းခုံပုံတူ အောင်ဇမ္ဗူဆုတောင်းပြည့် စေတီတော်မြတ်ကြီး အသစ်ပြန်လည်တည်ထားကိုးကွယ်ရန် အလှူငွေပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် အောင်ဇမ္ဗူဆုတောင်းပြည့် စေတီတော်မြတ်ကြီးကို ရွှေစည်းခုံပူတူ အသစ်ပြန်လည်ပြုပြင် တည်ထားကိုးကွယ်သွားမည်ဖြစ်ရာ အလှူငွေများ ပေးအပ်လှူဒါန်းပွဲ ကို ယနေ့နံနက် ၁၀ နာရီက ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်ရှိ မင်္ဂလာသီရိဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆားလင်းကြီးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး(Talk Show) ဆောင်ရွက်

ဆားလင်းကြီးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး(Talk Show) ဆောင်ရွက် ဆားလင်းကြီး ဇွန် ၁၃ မြို့နယ် (ပြန်/ဆက်)
Subscribe to