ဗဟန်းမြို့နယ်အတွင်း အနှေးယာဉ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးပြောကြားခြင်း၊ ရောင်ပြန်စတေကာများ အခမဲ့တပ်ဆင်ပေးခြင်း ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် မြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသော စက်ဘီး၊ လူစီးဆိုက်ကား၊ အနှေးယာဉ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ပြောကြားခြင်း၊ ရောင်ပြန်စတေကာများ အခမဲ့တပ်ဆင်ပေးခြင်းကို ဦးချစ်မောင်လမ်းတလျှောက်၊ ရတနာလမ်း၊ ဗိုလ်စိန်မှန်လမ်း၊ အနောက်မြင်းပြိုင်ကွင်းတို့တွင် ယမန်နေ့နံနက် (၉:၃၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။