ဆင်ပေါင်ဝဲမြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ၁ နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဆီတစ်ပိဿာ (၄၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များအသင်းနှင့် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကမ်းနားလမ်းတစ်​လျှောက်တွင် ဒေသခံပြည်သူများအား စားသုံးဆီများကို သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်သီးနှံစုံ ၃၅၁၃ ဧက စိုက်ပျိုးဆောင်ရွက်သွားမည်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာ၌ စားဖိုဆောင်သီးနှံဖြစ်သည့် ငရုတ်သီးနှံနှင့် အခြားဟင်းသီးဟင်းရွက်သီးနှံစုံ စိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၃၅၁၃ ဧက စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

လှိုင်းဘွဲမြို့တွင် e-ID စနစ်ဆောင်ရွက်လို့ လူမှုစီးပွားမြှင့်တင်စို့ လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် ဝန်ထမ်းများက လူစည်ကားရာစျေးဝန်းကျင်နှင့် လမ်းဆုံများတွင် “e-ID စနစ် ဆောင်ရွက်လို့ လူမှုစီးပွားမြှင့်တင်စို့” လက်ကမ်းစာစောင်များကို ပြည်သူများအား ယနေ့နံနက် ၈ နာရီ အချိန်က ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ရွှေသောင်ယံမြို့အထက (ရွှေသောင်ယံ)တွင် နယ်လှည့်ဟောပြောပွဲနှင့်နံ ရံကပ် စာစောင်ပြ ပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့အထက (ရွှေသောင်ယံ)တွင် ယနေ့နံနက် (၁၀)နာရီအချိန်က ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ဝန်ထမ်းများမှ နယ်လှည့်ဟောပြောပွဲနှင့်နံရံကပ် စာစောင်ပြပွဲကိုပြု လုပ်ဆောင် ရွက်ခဲ့သည်။

မိုးနဲမြို့နယ်၌ လူရည်ချွန်ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ၂၀၂၃ ခုနှစ် ဧကာဒသမတန်းမှ လူရည်ချွန် မ‌ငွေနှင်းဖြူအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်ဇနီး၊ မိုးနဲမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးတိုးဝင်းဖေနှင့်ဇနီး၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင် များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အ.ထ.က (မိုးနဲ) ကျောင်းသား/ကျောင်းသူလေးများက မင်္ဂလာပါတေးသီချင်း၊ တေးသရုပ်ဖော်အကများနှင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။

မက်မန်းမြိုန့ယ်တွင် အာဟာရချက်ပြုတ်နည်းသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကိုယ်ဝန်မိခင်များ၊ နို့တိုက်မိခင်များအနေဖြင့် အာဟာရပြည့်ဝသော ချက်ပြုုတ်နည်းများကို လေ့လာ ချက်ပြုတ်နိုင်စေရန် ရည်ရွယ်၍ အာဟာရချက်ပြုတ်နည်းသင်တန်းကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်နှင့် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ပမ္မဝတီခြံထွက် ဟင်းသီးဟင်းရွက်များ၊ ကြက်ဥများနှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများအား ရပ်ကွက်/ကျေးရွာများသို့အရောက် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသခံပြည်သူများနှင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ အမှတ်(၂၃) ရေတပ်အုပ်ချုပ်ရေးတပ် စိုက်ခြံနှင့်မွေးမြူရေးခြံတို့မှ ထွက်ရှိသော ဟင်းသီးဟင်းရွက်များနှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများကို  ယနေ့နံနက် (၀၅း၃၀)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၂)ရပ်ကွက်စျေး၌ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် (၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ မိုးရာသီ စပါး၊ ပြောင်း၊ နှမ်း၊ ဝါနှင့် ပဲမျိုးစုံဧကပေါင်း (၁၁၈၉၉၂) ဧက လျာထားစိုက်ပျိုးမည်

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူ အများစုသည် အဓိကအသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက ထားလုပ်ကိုင်ကြပြီး ရာသီအလိုက်သီးနှံများကို မိမိတို့၏ လယ်မြေ၊ ယာမြေများတွင် စိုက်ပျိုးထားရှိရာ ယခုနှစ်မိုးရာသီတွင်လည်း စပါး၊ ပြောင်း၊ နှမ်း၊ ဝါနှင့် ပဲမျိုးစုံ ဧကပေါင်း (၁၁၈၉၉၂) ဧကကို လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to