ပိုင်ကျုံ ဇွန် ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူစည်ကားသည့်နေရာများတွင် ပြည်သူများ Mask များတပ်ဆင်သွားလာစေရေးအတွက် Mask Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းကို ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်းကာ အမှတ်(၃)ရပ်ကွက်ရှိ လူသွားလာများသည့်နေရာများတွင် Mask တပ်ဆင် သွားလာခြင်းမရှိသည့် ပြည်သူများကို Maskများ အခမဲ့ဝေငှပေးခဲ့ပြီး အများ ပြည်သူ များ သိသင့်သိထိုက်သောကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်ရေးအတွက် ရှောင်ရန်/ဆောင်ရန်အချက်များအား တာဝန်ရှိသူများတို့မှ အသိပညာပေးရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါမဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းဖြစ်သည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)