ပြည်မြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်
ပြည်မြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းစေရေးနှင့် လိုင်းအပြစ်ဖြစ်ပေါ်မှု လျော့နည်းစေရေးတို့အတွက် ဓာတ်အားလိုင်းများပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများအဖွဲ့က ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။