တောင်ဥက္ကလာပမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မိုးဦးကျကာလ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ပိုးလောက်လန်း ပေါက်ပွားမှုမှ ကာကွယ်နိုင်ရန် ယနေ့နံနက်ပိုင်းအချိန်က အမှတ်(၇)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် အမှတ်(၁၄)ရပ်ကွက် စီမံကိန်း-၂ တွင် အဘိတ် (abate) ဆေးခပ်​​ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ လူကုန်ကူးမှု အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျောက်တန်းမြို့နယ်၊ မြို့မ အ.လ.က ကျောင်း ရွှေသံလွင်ခန်းမ၌ ကျင်းခဲ့သည်။

ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများ စာဖတ်ဝိုင်းကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများမှ စာရေးဆရာချစ်နိုင်(စိတ်ပညာ)​​ရေးသားသည့်​​ဘဝထဲကသင်ခန်းသာစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Center)၌ ပြုလုပ်ခဲ့သည်။

မူဆယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများကို ကျန်းမာရေးဌာနမှ ယနေ့နံနက်(၉) အချိန်က ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါသည်။

ချောင်းဆုံတွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ငွေကျပ်သိန်းပေါင်း(၆၄၀၀)ကျော် ထုတ်ပေးနိုင်ခဲ့ပြီး ချေးငွေများဆက်လက်ထုတ်ပေး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများအတွက် အချိန်မီစိုက်ပျိုးနိုင်ရေး စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးလျက်ရှိရာ ဇွန်လ(၁၃)ရက်နေ့အထိ ကျေးရွာ(၁၃)ရွာမှ တောင်သူ(၆၄၉)ဦး စိုက်ဧက (၄၃၂၁) ဧကအတွက် ငွေကျပ်(၆၄၈၁)သိန်း(၅)သောင်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မော်လမြိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ် ၃၈ မူးယစ်တပ်ဖွဲ့စု(မော်လမြိုင်)၊ မြို့နယ်ဉပဒေတို့ပူးပေါင်း၍ ဇွန်လ(၁၃)ရက်နေ့နံနက်ပိုင်းက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ် ၄၃၇.၅၀ သိန်းထုတ်ချေးပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။

အတွေ့အကြုံရှင်းလင်းပွဲနှင့် ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား မိုးညှင်းတက္ကသိုလ်တွင် ကျင်းပ

ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် မူးယစ်ဆေးဝါး ကြိုတင်ကာကွယ်ရေး လုပ်ငန်းအစီအစဉ်ဆိုင်ရာ လူငယ်ကွန်ယက်သို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သော ကျောင်းသား တစ်ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် SEA GAMES ပြိုင်ပွဲ၌ ဗိုဗီနမ်အားကစားပြိုင်ပွဲတွင် တတိယဆုများရရှိခဲ့သော ကျောင်းသူတစ်ဦးတို့၏ အတွေ့အကြုံ ရှင်းလင်းပွဲနှင့် ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီက ကချင်ပြည်နယ် မိုးညှင်းတက္ကသိုလ် ရတနာခန်းမ၌ ကျင်းပသည်။

မော်လမြိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ် ၃၈ မူးယစ်တပ်ဖွဲ့စု(မော်လမြိုင်)၊ မြို့နယ်ဉပဒေတို့ပူးပေါင်း၍ ဇွန်လ(၁၃)ရက်နေ့နံနက်ပိုင်းက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to