စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME Talk Show စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ချမ်းမြသာစည်  ဇွန် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊  ၇၀ x ၇၂လမ်းကြား၊ သိပ္ပံလမ်းရှိ Mandalay Convention Center တွင်၂၀၂၃ခုနှစ် စိမ်းလန်းစွမ်းအင်ပြပွဲအတွင်း၌ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME Talk Show စကားဝိုင်းဆွေးနွေးပွဲကိုယနေ့နံနက် ၁၀ နာရီက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားတွင် ဒေါက်တာကောင်းလွန်း ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI)၊ ဦး၀င်းဌေး EV Myanmar Group ကုမ္ပဏီ ဒါရိုက်တာ၊ ဦးကျော်ကျော်ထွန်း၊ ဧရာဝတီဘဏ် SME ဌာန ဒါရိုက်တာ ဦးတိုးလင်းညွန့်တို့မှ MSME ဖွံ့ဖြိုး တိုးတက်ရေးအကြောင်းတို့ကိုဆွေးနွေးခဲ့ကြပြီးနောက် တက်ရောက်လာသူများနှင့်လည်း အပြန် အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။၊  ထို့နောက် ကြော်ငြာ Video Clip များ အလှည့်ကျ ပြသခြင်း၊ EV Myanmar Group ဒါရိုက်တာ ဦးကျော်ကျော်ထွန်းမှ Tesla ဘာလဲ၊ ဘယ်လဲ အကြောင်း ဆွေးနွေးခြင်း၊ပြခန်းဝယ်ယူထားသူများမှ ၎င်းတို့ထုတ်ကုန်များအား ကြော်ငြာခြင်း၊ ကံစမ်းမဲဖောက်၍ ဂိမ်းကစားခြင်းများနှင့် ဧည့်ခံကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းတရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံခြုံ‌ရေးနှင့်နယ်စပ်‌ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ စီးပွားရေးရာ ဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (MRCCI) ဥက္ကဌ ဦးဝင်းဌေး၊ EV Myanmar Group ကုမ္ပဏီဒါရိုက်တာဦးကျော်ကျော်ထွန်း၊ ဧရာဝတီဘဏ် SME ဌာန ဒါရိုက်တာ ဦးတိုးလင်းညွန့်နှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)